Top News

နောင်ချိုမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
24htopnews | October 23, 2024 4:12 AM CST

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် အမျိုးသားနှစ်ဦးထံမှ ငွေကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မေ ၁၅ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၃ရက် ည ၁၀ နာရီခွဲ ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည့် ရှမ်းပြည်နယ်၊ နောင်ချို မြို့နယ်၊ မူဆယ်-မန္တလေး ပြည်ထောင်စု ကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကျောက်မဲဘက်မှ နောင်ချိုမြို့ဘက်သို့ ပုသိမ်ကြီးမြို့နယ်နေ ဇင်ဟန်ကျော်(ခ)ကျော်ထူး  (၂၆) နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်စစ် ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းရှိ ကျောပိုးအိတ်ထဲမှ ငွေကျပ် ၆၆ သိန်းကျော်တန်ဖိုးရှိ ဆပ်ပြာခွက်များဖြင့် ထည့်ထားသော ဘိန်းဖြူ ၂၂၀ ဂရမ်နှင့် ငွေ ကျပ်သိန်း ၁၄၄ဝတန်ဖိုးရှိ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွမူးယစ်ဆေးပြား ၇၂ဝဝဝပြားတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအားစစ်ဆေးရာ အဆိုပါမူးယစ်ဆေးဝါးများကို သယ်ဆောင်ခိုင်းသူများမှာ ပုသိမ်ကြီးမြို့နယ်၊ အုန်းချော်ကျေးရွာနေ ကျော်စိုးမိုး(၃၆)နှစ်နှင့် မဘိမ်းမြို့နယ်၊ ငအိုးကျေးရွာနေ ဒေါ်စိုးမိုးခိုင်(ခ) မခိုင်(၅၀)နှစ် တို့ ဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့နှစ်ဦးကို ယင်းနေ့ ည ၁၂ နာရီခန့်တွင် ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှ ယင်းတို့သုံးဦးကို နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့်အမှုဖွင့်ကာ ကွင်းဆက်ကျူးလွန်သူများကို ထပ်မံဖမ်းဆီးအရေးယူနိုင်ရန် ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

 

 


READ NEXT
Cancel OK