Top News

ဝက်ဖို့ဒ်အသင်းက ၎င်းတို့၏ကွင်းကို ဆေးရုံအဖြစ် အသုံးပြုခွင့်ပေးမည်ဟု ကြေညာချက်ထုတ်ပြန်
24htopnews | October 23, 2024 6:12 AM CST

ယင်းကြေညာချက်ကို ဝက်ဖို့ဒ်အသင်းဥက္ကဋ္ဌ စကော့ဒက်စ်ဘူရီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS) ဝန်ထမ်းများ၏ သင်တန်းများ၊ အရေးပေါ်အစည်းအဝေးပြုလုပ်ခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်းနှင့် ကလေးအသုံးအဆောင်  ပစ္စည်းများထားရှိခြင်း စသည့်အခြေအနေအတွက်ပါ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်း က ၎င်းင်းတို့အသင်း၏ Vicarage Road ကွင်းကို ဆေးရုံအဖြစ် အသုံးပြုနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ကို ဝက်ဖို့ဒ်အသင်းဥက္ကဋ္ဌ စကော့ဒက်စ်ဘူရီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS) ဝန်ထမ်းများ၏ သင်တန်းများ၊ အရေးပေါ်အစည်းအဝေးပြုလုပ်ခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်းနှင့် ကလေးအသုံးအဆောင်  ပစ္စည်းများထားရှိခြင်း စသည့်အခြေအနေအတွက်ပါ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

" အခုလောလောဆယ် ဘောလုံးအကြောင်း မေ့ထားပြီးတော့ NHS အတွက် (အထူးသဖြင့်) ဝက်ဖို့ဒ်အထွေထွေဆေးရုံအတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အားလုံးဝိုင်းဝန်းကူညီပေးနိုင်ဖို့ အာရုံစိုက်သင့်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။ 

ထို့ပြင် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းပရိသတ်များအတွက် " Hornets At Home" အစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဖုန်းဖြင့် အားပေးစကားပြောကြားခြင်း၊ စျေးဝယ်ပေးခြင်းတို့ ပြုလုပ်ရန် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်ထားကြောင်း သိရသည်။

READ NEXT
Cancel OK