အစောပိုင်း ခန့်မှန်းချက်အရ ၎င်းအနေဖြင့် ယခုရာသီမကုန်မီ ပြန်ကစားနိုင်ရန် မသေချာသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းထားသဖြင့် ပြန်လည်ကစားခွင့်ရရန် မျှော်လင့်ချက်ရှိနေခြင်းဖြစ်သည်။
တံကောက်ကြောဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုကြောင့် ကာလရှည်အနားယူနေရသည့် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းက လာမည့်နှစ်ပတ်၊ သုံးပတ်အတွင်း ပြန်လာနိုင်တော့မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
ဟာရီကိန်းသည် နှစ်သစ်ကူးပွဲကျပ်ကာလအဖြစ် ဇန်နဝါရီ ၁ ရက်က ဆောက်သမ်တန်အသင်းနှင့်ကစားခဲ့သည့်ပွဲ၌ တံကောက်ကြောအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူထားရသည်။ အစောပိုင်း ခန့်မှန်းချက်အရ ၎င်းအနေဖြင့် ယခုရာသီမကုန်မီ ပြန်ကစားနိုင်ရန် မသေချာသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းထားသဖြင့် ပြန်လည်ကစားခွင့်ရရန် မျှော်လင့်ချက်ရှိနေခြင်းဖြစ်သည်။
ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ဟာရီကိန်းက "အဝေးကြီး မလိုတော့ပါဘူး။ ပုံမှန်အားဖြင့် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်လောက်ဆိုရင် အသင်းဆီ ပြန်လာနိုင်ဖို့ မျှော်မှန်းထားပါတယ်။ အခြေအနေကောင်းနေပြီး အားလုံးလည်း အဆင်ပြေပါတယ်။ အခုလောလောဆယ် ကြံ့ခိုင်မှုရဖို့ ကြိုးစားနေပါပြီ။ ကျွန်တော့်အမြင်ပြောရရင်တော့ နေရာကောင်းရောက်နေပြီလို့ ဆိုရမှာပါ" ဟု အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက "ဒီအချိန်မှာ အားလုံးက ကိုရိုနာဗိုင်းရပ်စ်အကြောင်းပဲ တွေးနေကြမှာပါ။ ဒီအခြေအနေမျိုး တစ်ခါမှမကြုံဖူးပေမဲ့ ဘေးကင်းအောင်နေပြီး ကျော်ဖြတ်နိုင်ဖို့ အားလုံးအတူ ကြိုးစားရမှာပါ။ ကျွန်တော်ရော ကျွန်တော့် မိသားစုပါ အခြေအနေကောင်းပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
