ဘောလုံးပြိုင်ပွဲများ ရပ်နားထားသည့်အတွက် လာလီဂါအသင်းများမှာ ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး အသင်းများစုသည် ယင်းပြဿနာကို ဖြေရှင်းရန်အတွက် ကစားသမားများကို လစာလျှော့ယူစေရန်အလိုရှိနေသလို၊ ဝန်ထမ်းအချို့မှာ အလုပ်ထုတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။
ဗလင်စီယာအသင်းဥက္ကဋ္ဌ အန်နယ်လ်မာတီ က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရဖွယ်ရှိသော်လည်း အသင်းရှိဝန်ထမ်းများကို အလုပ်ထုတ်မည်မဟုတ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကမ္ဘာအနှံ့တွင် ဘောလုံးပြိုင်ပွဲများကို ရွှေ့ဆိုင်းထားသလို၊ လာလီဂါပြိုင်ပွဲမှာလည်း အကန့်အသတ်မရှိရွှေ့ဆိုင်းထားသည်။ ဘောလုံးပြိုင်ပွဲများ ရပ်နားထားသည့်အတွက် လာလီဂါအသင်းများမှာ ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး အသင်းများစုသည် ယင်းပြဿနာကို ဖြေရှင်းရန်အတွက် ကစားသမားများကို လစာလျှော့ယူစေရန်အလိုရှိနေသလို၊ ဝန်ထမ်းအချို့မှာ အလုပ်ထုတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။
သို့သော် ဗလင်စီယာအသင်းဥက္ကဋ္ဌ အန်နယ်လ်မာတီက ဘောလုံးပြိုင်ပွဲများ ရပ်နားထားသည့်အတွက် ဝင်ငွေမရှိသော်လည်း အသင်းဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခြင်းမျိုးပြုလုပ်သွားမည်မဟုတ်ကြောင်း အသင်း၏ကြေညာချက်တွင် ရေးသားခဲ့သည်။
ဗလင်စီယာအသင်း၏ ထုတ်ပြန်ချက်တွင် အန်နယ်လ်မာတီက "ဗလင်စီယာအသင်းအနေဖြင့် အသင်းဝန်ထမ်းများကို အလုပ်မှထုတ်ပယ်သွားမည်မဟုတ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရန် ဆုံးဖြတ်ခြင်းမျိုး လုံးဝမရှိကြောင်း၊ ဗလင်စီယာအသင်းကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း (၁၀၁) နှစ်တိုင်ခဲ့ပြီ ဖြစ်ပြီး ယင်းကာလအတွင်း ဝန်ထမ်းများဖြင့် လည်ပတ်ခဲ့ကာ အဆိုပါဝန်ထမ်းများကို အလုပ်ထုတ်ပစ်မည်ဆိုပါက တရားမျှတမှုမရှိဟု မိမိယူဆကြောင်း " ဟု ရေးသားခဲ့သည်။ ဗလင်စီယာအသင်းတွင် ကစားသမားများအပါအဝင် ဝန်ထမ်း ပေါင်း (၄၀၀)ကျော်ရှိကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
