ဆီဗီလားအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ မွန်ချီက ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီး ဘောလုံးပြန်လည်ကစားချိန်တွင် ဆီဗီလာအသင်း၏ ခြေစွမ်းမှာ ပိုကောင်းလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဆီဗီလားအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ မွန်ချီက ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီး ဘောလုံးပြန်လည်ကစားချိန်တွင် ဆီဗီလာအသင်း၏ ခြေစွမ်းမှာ ပိုကောင်းလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဥရောပတွင် အီတလီနိုင်ငံပြီးနောက် စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကို အဆိုးရွားဆုံးခံစားနေရသည်။
ထို့ကြောင့် လာလီဂါပြိုင်ပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပြီး အစိုးရညွှန်ကြားချက်ရမှသာ ပြန်လည်ကစားမည်ဖြစ်ကြောင်း လာလီဂါအဖွဲ့ချုပ် (LFP)က ထုတ်ပြန်ထားသည်။
မွန်ချီက လက်ရှိအခြေအနေကို မကြာမီတွင် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
မွန်ချီက "ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အသင်းဝတ်လဲခန်းအတွင်း ကစားသမားတွေရဲ့ စည်းလုံးမှု ပိုကောင်းလာတယ်။ သူ တို့ဟာ တစ်ဦးကို တစ်ဦး အားပေးမှုတွေ ပြုလုပ်နေကြပြီး စိတ်အားတက်ကြွနေကြပါတယ်။ အခု ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေက ရှုပ်ထွေးပေမယ့် ကျွန်တော်ကတော့ အကောင်းဘက်ကပဲ ကြည့်ချင်ပါတယ်။ ဒါကြောင့် ဘောလုံးပွဲတွေ ပြန်လည်ကစားချိန်မှာ ကျွန်တော်တို့အသင်း ပိုကောင်းလာပါလိမ့်မယ်။ တစ်နေ့မှာ အားလုံးအရင်အတိုင်း ပြန်ဖြစ်လာမှာပါ။ ဘောလုံးပွဲတွေ ပြန်ကစားပြီးဆိုတာနဲ့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
