တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) သည် တောင်ကိုရီးယားအမျိုးသားလက်ရွေးစင်အသင်းနှင့် အမျိုး သမီးလက်ရွေးစင်အသင်းတို့ အသုံးပြုသည့် လေ့ကျင့်ရေးစင်တာအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများကို ကုသရန်အတွက် ဆေးခန်းအဖြစ် ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) သည် တောင်ကိုရီးယားအမျိုးသားလက်ရွေးစင်အသင်းနှင့် အမျိုး သမီးလက်ရွေးစင်အသင်းတို့ အသုံးပြုသည့် လေ့ကျင့်ရေးစင်တာအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများကို ကုသရန်အတွက် ဆေးခန်းအဖြစ် ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တောင်ကိုရီးယားနိုင်ငံတွင် ဘောလုံးပြိုင်ပွဲများကို ရွှေ့ဆိုင်းထားရာ KFA သည် တောင်ကိုရီးယားကျန်မားရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဝန်ကြီးဌာနနှင့် တိုင်ပင်ကာ ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
KFA ၏ ထုတ်ပြန်ချက်တွင် "ကိုရိုနာဗိုင်းရပ်စ် (COVD-19)သည် မြို့များတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့်အတွက် ကျန်းမာရေးဝန်ဆောင်မှုများ၌ လိုအပ်ချက်များ ရှိနေကြောင်း၊ ယင်းအတွက် KFA သည် တောင်ကိုရီးယားလက်ရွေးစင်အသင်းများ အသုံးပြုသည့် ပါဂျူဘောလုံးလေ့ကျင့်ရေးစင်တာကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအား ဆေးကုသရန် ဆေးခန်းအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း"ပါရှိသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမှာ အရှိန်ကျသွားခဲ့ပြီးသော်လည်း မတ်လ (၂၅)ရက်အထိ ကူးစက်ခံရသူပေါင်း (၉၀၀၀) ကျော် ရှိနေကာ သေဆုံး (၁၂၀) ကျော်သွားပြီးဖြစ်ကြောင်း သိရသည်။
ဂယောင်ဂီပြည်နယ်ရှိ ပါဂျူလေ့ကျင့်ရေးစင်တာတွင် လိုအပ်သည့်ဆေးပစ္စည်းကိရိယာများတပ်ဆင်ပြီးပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများကို ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
