ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က ကိုရိုနာဗိုင်းရပ်စ် (COVID-19)တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က ကိုရိုနာဗိုင်းရပ်စ် (COVID-19)တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ရာမို့စ်က မိမိအနေဖြင့် အသင်းဖော်များနှင့်အတူ ကိုရို နာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရန်အတွက် ငွေကြေးလှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရာမို့စ်က "ကျွန်တော်က UNICEF သံတမန်ပါ။ ကျွန်တော့်အနေနဲ့ သူတို့နဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပြုလုပ်သွားမှာပါ။ UNICEF က မတ်လ (၂၇)ရက်မှာ ဆေးရုံတွေကို လိုအပ်တဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့မှာဖြစ်ပြီး ကျွန်တော်နဲ့ အသင်းဖော်တွေက UNICEF နဲ့ ပေါင်းကာ လိုအပ်တာတွေ လှူဒါန်းသွားမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကူညီကြရမှာပါ"ဟု ပြောကြားခဲ့သည်။
ဥရောပတွင် အီတလီနိုင်ငံပြီးနောက် စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အဆိုးရွားဆုံးခံစားနေရပြီး မတ်လ (၂၅)ရက်နေ့အထိ လူပေါင်း (၄၂၀၀၀)ကျော် ကူးစက်ခံထားရကာ သေဆုံးသူမှာလည်း (၃၈၀၀)နီးပါး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လာလီဂါပြိုင်ပွဲကို အကန့်အသတ်မရှိ ရပ်နားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
