လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် အမှတ်ပေးဇယား နံပါတ် (၁)နေရာ၌ ရက်အကြာဆုံး ရပ်တည်နိုင်သည့်အသင်းအဖြစ် စံချိန်သစ်တင်ဖွယ်ရှိနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် အမှတ်ပေးဇယား နံပါတ် (၁)နေရာ၌ ရက်အကြာဆုံး ရပ်တည်နိုင်သည့်အသင်းအဖြစ် စံချိန်သစ်တင်ဖွယ်ရှိနေကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရက်အကြာဆုံးရပ်တည်နိုင်သည့် အသင်းအဖြစ် ချယ်လ်ဆီးအသင်းက စံချိန်တင်ထားသည်။
ချယ်လ်ဆီးအသင်းသည် ၂၀၁၄-၁၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားအဆင့်(၁)နေရာ၌ (၂၇၄)ရက်ကြာ ရပ်တည်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတွင် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းမတိုင်မီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားလိဂ်ထိပ်ဆုံး၌ ရက်အကြာဆုံးရပ်တည်နိုင်ခဲ့သည့်အသင်းမှာ မန်ယူအသင်းဖြစ်ပြီး မန်ယူအသင်းသည် ၁၉၉၃-၉၄ ရာသီတွင် အမှတ်ပေးဇယားအဆင့် (၁)နေရာ၌ (၂၆၂)ရက်ကြာ ရပ်တည်နိုင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခု ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယား အဆင့် (၁)နေရာ၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ကတည်းက ရပ်တည်နိုင်ခဲ့ပြီး ယနေ့ (မတ်လ ၂၅ ရက်)တွင် (၂၂၁)ရက် ပြည့်မြောက်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) အပြီးတွင် ရမှတ် (၈၂)မှတ်ဖြင့် အဆင့် (၁)နေရာ၌ ရပ်တည်နေပြီး အဆင့် (၂)နေရာမှ (ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့်) မန်စီးတီးအသင်း (၅၇ မှတ်)ကို (၂၅)မှတ် ဖြတ်ထားသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဧပြီလ (၃၀)ရက်နေ့အထိ ရပ်နားထားပြီး ဇွန်လကုန်ပိုင်းတွင်မှ အဆုံးသတ်ဖွယ်ရှိသည်ဟု ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
ထို့ကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားထားသည့် အချိန်အတွင်း အမှတ်ပေးဇယားအဆင့် (၁)နေရာတွင် ဦးဆောင်နေသည့် လီဗာပူးလ်အသင်း၏ ကြာချိန်မှာ တစ်နေ့ထက် တစ်နေ့ တိုးလာမည်ဖြစ်သည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လကုန်တွင် အဆုံးသတ်မည်ဆိုပါက လီဗာပူးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၁)နေရာတွင် ရပ်တည်မှုမှာ ရက် (၃၀၀)အထိ ရှိလာမည်ဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် အဆင့် (၁)နေရာ၌ ရက်အကြာဆုံးရပ်တည်နိုင်သည့်အသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်မည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
