မန်ယူနှင့် အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြည်သူလူထု၏ ကျန်းမာရေးကို အာမခံချက်ပေးနိုင်မှသာ ဘောလုံးပွဲများကို ပြန်လည်ကစားသင့်သည်ဟု ပြောကြားခဲ့သည်။
မန်ယူနှင့် အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြည်သူလူထု၏ ကျန်းမာရေးကို အာမခံချက်ပေးနိုင်မှသာ ဘောလုံးပွဲများကို ပြန်လည်ကစားသင့်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ဘောလုံးဝေဖန်သူအဖြစ် လုပ်ကိုင်နေသည့် ဂယ်ရီနဗီးလ်က ဘောလုံးပွဲများကို လွမ်းဆွတ်သော်လည်း ပြည်သူများ၏ ကျန်းမာရေးက ပိုအရေးကြီးကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂယ်ရီနဗီးလ်က "ဘောလုံးပွဲတွေကို ကျွန်တော် အရမ်းလွမ်းပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဘောလုံးပွဲထက် အရေးကြီးတဲ့ အရာတွေ အများကြီးပါ။ ကျွန်တော်တို့အနေနဲ့ ဗြိတိန်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အာမခံချက်ပေးနိုင်မှသာ ဘောလုံးပွဲတွေကို ပြန်ကစားဖို့ တွေးသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်နိုင်ငံရှိ ဘောလုံးပြိုင်ပွဲများကို အားလုံးကို မတ်လ (၁၂)ရက်တွင် စတင်ရပ်နားခဲ့ပြီး လက်ရှိတွင် ဧပြီလ (၃၀)ရက်နေ့အထိ ရွှေ့ဆိုင်းထားကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာအနှံ့တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများနှင့် ဥရောပပြိုင်ပွဲများကို ရွှေ့ဆိုင်းထားသလို၊ ယူရို-၂၀၂၀ ပြိုင်ပွဲကိုလည်း ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
