မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုအား ပေါင် (၁၅)သန်းဖြင့် အပြီးသတ်ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုအား ပေါင် (၁၅)သန်းဖြင့် အပြီးသတ်ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းတိုက်စစ်မှူး အီဂါလိုကို ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရာသီဝက်အငှားဖြင့် ခေါ်ယူခဲ့သည်။
သို့သော် Daily Mail ၏ ဖော်ပြချက်အရ မန်ယူအသင်းနှင့် အီဂါလိုတို့ ချုပ်ဆိုထားသည့် အငှားစာချုပ်မှာ မေလ (၃၁)ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရပ်နားထားပြီး ပြန်လည်ကစားမည်ဆိုပါက ဇွန်လအထိ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် မန်ယူအသင်းအနေဖြင့် အီဂါလိုအား ယခုရာသီကုန်ဆုံးချိန်အထိ ဆက်လက်ထိန်းထားလိုပါက ရှန်ဟိုင်းရှင်ဟွာအသင်းနှင့် ညှိုနှိုင်းမှုများပြုလုပ်ရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPro)ကပါ ကြားဝင်ဖြေရှင်းပေးဖွယ်ရှိနေကြောင်း သိရသည်။
အသက် (၃၀)နှစ်အရွယ်ရှိ အီဂါလိုသည် မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၈)ပွဲတွင် (၄)ဂိုး သွင်းယူထားပြီး ၎င်းကို မန်ယူအသင်းက အပြီးသတ်ခေါ်ယူဖွယ်ရှိသည်ဟုလည်း ဆိုးလ်ရှားက ဝန်ခံခဲ့သည်။
ရှန်ဟိုင်းရှင်ဟွာအသင်းသည် အီဂါလိုအတွက် ပေါင် (၁၅)သန်းရရှိပါက ရောင်းချဖွယ်ရှိနေပြီး မန်ယူအသင်းက ယင်းပမာဏဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
