၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ စစ်ပွဲကြောင့်မဟုတ်ဘဲ ငြိမ်းချမ်းနေသည့်ကာလအတွင်း ပထမဆုံးအကြိမ်ရွှေ့ဆိုင်းရသည့် အိုလံပစ်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် ဇူလိုင်နှင့် သြဂုတ်လအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ကို ၂၀၂၁ ခုနှစ်အထိ တစ်နှစ်ရွှေ့ဆိုင်းရန် မတ် ၂၄ ရက်တွင် ဆုံးဖြတ်ခဲ့ရသည်။
ယခင်က နွေရာသီအိုလံပစ်နှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများကို ဖျက်သိမ်းဖူးသော်လည်း ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်ပြီး တိုကျိုအိုလံပစ်ပြိုင်ပွဲမှာမူ ငြိမ်းချမ်းနေသည့်ကာလအတွင်း ရွှေ့ဆိုင်းရသည့် ပထမဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသော်လည်း ပြိုင်ပွဲအမည်ကို ၂၀၂၀ တိုကျိုအိုလံပစ်ဟုသာ ဆက်လက်ခေါ်ဆိုမည်ဖြစ်သလို ပြိုင်ပွဲကျင်းပမည့်ကာလကိုလည်း နွေရာသီ၌သာ ကျင်းပရမည်ဟု ကန့်သတ်မထားဘဲ လူသားများ၏အသက်ကို ကာကွယ်ရန်အတွက် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ သောမတ်စ်ဘက်ချ်က ပြောကြားသည်။
'' ဒါက လူသားတွေရဲ့အသက်ကို ကာကွယ်လိုက်တာပါ။ နွေရာသီကာလမှာပဲ ကျင်းပရမယ်ဆိုပြီးတော့ ကန့်သတ်မထားပါဘူး။ ၂၀၂၁ ခုနှစ် နွေရာသီမတိုင်ခင်ရော နွေရာသီကာလမှာပါ ဖြစ်နိုင်ပါတယ်''ဟု ၎င်းက ဆိုသည်။
အိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့သောကြောင့် ကမ္ဘာ့အဆင့် အခြားအားကစားပြိုင်ပွဲများကိုလည်း ရွှေ့ဆိုင်းရဖွယ်ရှိနေသည်။
■ စစ်ပွဲကြောင့် ဖျက်သိမ်းခဲ့ရသည့် အိုလံပစ်ပြိုင်ပွဲများ
၁၉၁၄ - နွေရာသီနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဘာလင် (ဂျာမနီ)တွင်ကျင်းပရန် စီစဉ်ထားသော်လည်း ပထမကမ္ဘာစစ်ကြောင့် ဖျက်သိမ်းခဲ့ရသည်။ ထူးခြားမှုမှာ ယင်းပြိုင်ပွဲကို မကျင်းပဖြစ်သော်လည်း ခြောက်ကြိမ်မြောက်ပြိုင်ပွဲအဖြစ် ထည့်သွင်းသတ်မှတ်ထားခြင်းဖြစ်သည်။
၁၉၄၀ - နွေရာသီအိုလံပစ်ပြိုင်ပွဲကို တိုကျိုနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဆပ်ပိုရိုတွင်ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် တရုတ်အပေါ် ကျူးကျော်စစ်ဆင်နွှဲခဲ့သောကြောင့် အိမ်ရှင်အဖြစ်ကျင်းပခွင့် ပယ်ဖျယ်ခံခဲ့ရသည်။ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဂါမစ်ပါတန်ကာချန် (ဂျာမနီ)တွင် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ပြီးမှ ဂျာမနီမှာလည်း ပိုလန်အပေါ် ကျူးကျော်မှုကြောင့် ပြိုင်ပွဲကျင်းပခွင့် ရုပ်သိမ်းခံရသည်။ နွေရာသီအိုလံပစ်ပြိုင်ပွဲကိုမူ ဟယ်လ်ဆင်ကီး (ဖင်လန်) က အစားထိုးကျင်းပခွင့်ရသော်လည်း ဒုတိယကမ္ဘာစစ်ကြောင့် ဖျက်သိမ်းခဲ့ရသည်။
၁၉၄၄ - လန်ဒန် (အင်္ဂလန်) တွင် ကျင်းပမည့် နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် ကော်တီနာဒီအမ်ပက်ဇို (အီတလီ) တွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများကို ဒုတိယကမ္ဘာစစ်ကြောင့် ထပ်မံဖျက်သိမ်းခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
