Top News

ရီးယဲလ်မက်ဒရစ်နှင့် ပထမရာသီမှာ စိတ်ပျက်ဖွယ်ဟု ဟာဇက် ဝန်ခံ
24htopnews | October 23, 2024 6:12 AM CST

ရီးယဲလ်မက်ဒရစ်အသင်း၏ တောင်ပံကစားသမား အေဒင်ဟာဇက်က အသင်းနှင့် ပထမဆုံးလက်တွဲသည့်ရာသီတွင် သူ၏ခြေစွမ်းမှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ဟာဇက်က ''ကျွန်တော့်ရဲ့ပထမဆုံးရာသီက စိတ်ပျက်စရာပါ။ ဒါပေမဲ့ အရာအားလုံးက ဆိုးရွားနေတာတော့မဟုတ်ပါဘူး။ ဒါဟာ အထိုင်ကျဖို့ ရုန်းကန်နေရချိန်ဖြစ်ပြီး ဒုတိယရာသီမှာတော့ ကျွန်တော့်ကို ဆုံးဖြတ်လို့ရပါပြီ။ လာမယ့်ရာသီမှာ ပုံစံကောင်းကိုမြင်ရပါလိမ့်မယ်''ဟု RTBF သို့ ပြောကြားခဲ့သည်။

ဟာဇက်သည် ဒဏ်ရာပြဿနာများကြောင့် ပထမဆုံးရာသီတွင် (၁၅)ပွဲသာကစားထားရပြီး တစ်ဂိုးသာသွင်းယူထားသေးသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စပိန်ဘောလုံးပြိုင်ပွဲများကို ရပ်ဆိုင်းထားပြီး ဟာဇက်မှာလည်း သီးသန့်နေထိုင်နေရသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဟာဇက်က '' ကျွန်တော် မကူးစက်နိုင်ဘူးလို့တော့ မပြောပါဘူး။ အခု အိမ်ထဲမှာပါ။ ဘယ်သူမှလည်း မလာပါဘူး။ ကျွန်တော်လည်း ဘယ်သူမှ မမြင်ပါဘူး။ အနည်းငယ်တော့ ကြောက်ရွံ့မိပါတယ်။ လူတိုင်းလည်း ဒီလိုပဲ

ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့ တခြားသူတွေနဲ့ မထိတွေ့အောင်နေရမယ်။ ဒါက အလေးအနက်ထား လုပ်ဆောင်ရမယ့်အရာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရပါမယ်။ ကိုယ်ခံအားနည်းတဲ့သူတွေကို ကျွန်တော် စိုးရိမ်တယ်။

ဘာကြောင့်လဲဆိုတော့ သူတို့က ဖြစ်နိုင်ခြေများလို့ပါပဲ''ဟု ပြောကြားခဲ့သည်။

ဟာဇက်သည် ရီးယဲလ်အသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၈၈)သန်းဖြင့် ရောက်ရှိလာပြီး Add-ons ကြေးနှင့်ပေါင်းလျှင် သူ၏အပြောင်းအရွှေ့တန်ဖိုးမှာ ပေါင် သန်း ၁၅၀ အထိရှိနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK