ဘရာဇီးလ်နောက်ခံလူ ကာဖူးက PSG တိုက်စစ်မှူး နေမာသည် ကမ္ဘာပေါ်တွင် နည်းစနစ်ပိုင်းအကောင်းဆုံးက စားသမားဖြစ်ပြီး မက်ဆီထက်ပင် ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။
မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် Ballon d'Or ဆုကို နှစ်ဦးပေါင်း (၁၁)ကြိမ်အထိ ရရှိထားသော်လည်း ကာဖူးက နေမာသည် နည်းစနစ်ပိုင်းတွင် အဆို ပါကစားသမား(၂)ဦးထက်ပိုကောင်းကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ကာဖူးက ''ဒီနေ့ခေတ်မှာ နည်းစပိုင်းနဲ့ပတ်သက်ရင် နေမာထက်သာတဲ့သူ မရှိပါဘူး။ ကျွန်တော်အကြိုက်ဆုံး မက်ဆီတောင် နေမာထက် မသာပါဘူး။ ဒါကြောင့် တစ်ကမ္ဘာလုံးကလူတွေဟာ နေမာ ဘောလုံးကစားတာကို ကြည့်ချင်ကြတာပါ''ဟု ဆိုခဲ့သည်။
ထို့ပြင် ဘရာဇီးလက်ရွေးစင်အသင်းတွင် နေမာ၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ကာဖူးက '' သူကစားပုံကောင်းရင် ဘရာဇီးလ်အသင်းလည်း အခြေအနေကောင်းပါတယ်။ ဘရာဇီးလ်ဘောလုံးလောကမှာ သူဟာ ကွဲပြားခြားနာတဲ့ ကစားသမားတစ်ယောက်ပါ။ ကစားသမားတစ်ယောက်ရဲ့ ရင့်ကျက်မှုအရွယ်ကို လွန်မြောက်လာပြီ။ သူဟာ PSGအသင်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့စျေးအကြီးဆုံးကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
နေမာသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများ အဆက်မပြတ်ထွက်ပေါ်နေသူလည်းဖြစ်သည်။
ဘာစီလိုနာအသင်းမှလည်း နေမာကိုပြန်လည်ခေါ်ယူရန် FIFA၏အပြောင်းအရွှေ့စည်းမျဉ်းများကို အသုံးချသွားမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
နေမာနှင့် မက်ဆီမှာ ဘာစီလိုနာအသင်းတွင် ၂၀၁၃ မှ ၂၀၁ရခုနှစ်အထိ အတူတကွ ကစားခဲ့ဖူးသည်။
လက်ရှိရာသီတွင် မက်ဆီမှာ ဘာစီလိုနာအသင်းအတွက် ၂၁ ဂိုးသွင်းယူထားပြီး နေမာမှာမူ PSGအသင်းအတွက် ၁၆ ဂိုး သွင်းယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
