Top News

COVID-19 ရောဂါကာကွယ်ရေးအတွက် နာမည်ကြီး မြန်မာအားကစားသမားများ လူမှုကွန်ရက်တွင် လှုံ့ဆော်မှုပြုလုပ်
24htopnews | October 23, 2024 6:12 AM CST

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားနေသည့် COVID-19 ရောဂါကာကွယ်ရေးအတွက် နာမည်ကြီး မြန်မာအားကစားသမားများက လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန် အသင်းဂိုးသမား ကျော်ဇင်ထက်၊ တိုက်စစ်မှူး သန်းပိုင်၊ မြန်မာ့လက်ရွေးစင်နှင့် ရှမ်းယူနိုက် တက်အသင်းနောက်ခံလူ ဒေးဗစ်ဒန်း၊ မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ၊ မြန်မာ MMA အားကစားသမား အောင်လအန်ဆန်တို့က COVID-19 ရောဂါကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့်အစီအစဉ်များအတွက် လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်များထံ အသိပေးခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန်သည် ONE Championship Facebook မှတစ်ဆင့် အခြား MMA ကစားသမားများနှင့်အတူ လှုံ့ဆော်မှုပြုလုပ်ခဲ့သလို ကိုယ်ပိုင်အကောင့်မှလည်း နေထိုင်သင့်သည့်ပုံစံများကို အသိပေး ပြောကြားခဲ့သည်။

ထို့ပြင် ဂိုးသမား ကျော်ဇင်ထက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Facebook တွင်လည်းကောင်း၊ သန်းပိုင်က ရန်ကုန်ယူနိုက်တက်အသင်း၏ Facebook တွင်လည်းကောင်း၊ ဒေးဗစ်ဒန်းက ရှမ်းယူနိုက်တက်အသင်း၏ Facebook တွင်လည်း ကောင်း၊ သက်ထားသူဇာက ကိုယ်ပိုင် Facebook စာမျက်နှာတွင်လည်းကောင်း အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူများ တွေ့ရှိပြီးနောက် ဘောလုံးပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအားလုံး ရပ်နားထားပြီး တစ်ဦးချင်း လေ့ကျင့်မှုများမှလွဲ၍ အသင်းလိုက်၊ အဖွဲ့လိုက်လေ့ကျင့်မှုများပါ ရပ်နားထားသည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသူဖြစ်ပြီး ပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့််သည့်အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။

ONE ၀ိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်မှာမူ အမေ ရိကန်နိုင်ငံရှိ အားကစားခန်းမများ ပိတ်ထားသော်လည်း နေအိမ်တွင် လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး ၎င်းနှင့်အတူ မာတင်ငုယင်နှင့် ထီရယ်လ်ထန်တို့လည်း လေ့ကျင့်လျက်ရှိသည်။

ပြည် တွင်းဘောလုံးပြိုင်ပွဲများဖြစ်သည့် MNL အပါအဝင် လိဂ်ပြိုင်ပွဲအားလုံးကို မတ် ၂၄ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ရပ်နား ထားသည်။


READ NEXT
Cancel OK