အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူဖွယ်ရှိနေကြောင်း La Gazzetta dello Sport သတင်းစာက ဖော်ပြခဲ့သည်။
ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်(၃၈ နှစ်)သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ တွင် အေစီမီလန်အသင်းသို့ (၆)လစာချုပ်ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေကြောင်း သိရသည်။
သို့သော် အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်း၏ အနာဂတ်အစီအစဉ်များကို စိတ်ပျက်နေပြီး ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲဖွယ်ရှိနေကြောင်း သိရသည်။
Daily Mail ၏သတင်းတွင်မူ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် သူ၏ကစားသမားဘဝကို အဆုံးသတ်ရန်စဉ်းစားနေကြောင်း ရေးသားခဲ့သည်။
အီဘရာဟီမိုဗစ်သည် အေစီမီလန်နှင့်လမ်းခွဲပြီးပါက ကစားသမားဘဝမှအနားယူပြီး ရိုင်အိုလာနှင့်လက်တွဲကာ အေးဂျင့်လောကသို့ဝင်ရောက်ဖွယ်ရှိကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်ဒီဇင်ဘာလက အေစီမီလန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် အီဘရာဟီမိုဗစ်မှာ အသင်းအတွက် (၁၀)ပွဲကစားခဲ့ရာတွင် (၄)ဂိုးသွင်းယူထားသည်။
၎င်းသည် ဘာစီလိုနာ၊ မန်ယူ၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် PSG စသည့် ဥရောပထိပ်တန်းအသင်းများတွင်လည်း ကစားခဲ့ဖူးသူဖြစ်သည်။
အီတလီ၊ စပိန်နှင့် ပြင်သစ်တို့တွင် အမှတ်ပေးချန်ပီယံဆုများ ရယူနိုင်ခဲ့ပြီး မန်ယူအသင်းနှင့်မူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့သည်။
သို့သော် သူ၏ကစားသမားဘဝတွင် ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မျှ မရရှိဖူးသေးကြောင်း သိရသည်။
အီဘရာဟီမိုဗစ်သည် ဆွီဒင်လက်ရွေးစင်အသင်းအတွက် (၁၁၆)ပွဲကစားခဲ့ရာတွင် (၆၂)ဂိုးသွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံး စံချိန်တင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
