Top News

လာလီဂါအသင်းများ ဧပြီ (၁၁)ရက်တွင် အသင်းလိုက်လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်နေပြီး အစိုးရထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေ
24htopnews | October 23, 2024 6:12 AM CST

လာလီဂါအသင်းများသည် ဧပြီလ (၁၂)ရက်နေ့တွင် အသင်းလိုက်လေ့ကျင့်မှုများ စတင်ပြုလုပ်ရန်စီစဉ်နေပြီး စပိန်အစိုးရ၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ကမ္ဘာအနှံ့တွင် ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ရွှေ့ဆိုင်းထားပြီး လာလီဂါပြိုင်ပွဲမှာလည်း မတ်လ (၉)ရက်မှစတင်ကာ ရပ်နားခဲ့ရသည်။

လက်ရှိတွင် စပိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမှာ မြင့်တက်နေခြင်းကြောင့် လာလီဂါပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပြီး စပိန်အစိုးရ၏ ညွှန်ကြားချက်ရမှသာ ပြန်လည်စတင်မည်ဟု ကြေညာထားသည်။

ဘောလုံးပြိုင်ပွဲများကို ရပ်နားထားသောကြောင့် အသင်းများမှာ ဘဏ္ဍာရေးပြဿနာများနှင့် ကြုံတွေ့ရပြီး အသင်းရှိဝန်ထမ်းများကို လျှော့ချရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

လာလီဂါပြိုင်ပွဲဝင်အသင်းများနှင့် ကစားသမားများသည် အသင်းဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေကြပြီး ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရန် ဆန္ဒရှိနေကြကြောင်း သိရသည်။  

ထို့ကြောင့် ကစားသမားများသည် ၎င်းတို့ဘက်က ပြင်ဆင်နိုင်သည့်အချက်ကို ကြိုတင်ပြင်ဆင်ရန် စီစဉ်နေပြီး အသင်းလိုက်လေ့ကျင့်မှုများ ပြုလုပ် လိုနေခြင်းဖြစ်သည်။

သို့သော် လာလီဂါအသင်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်အန္တရာယ်ရှိနေချိန်တွင် အသင်းလိုက်လေ့ကျင့်မှုများ ပြုလုပ်မည်ဆိုပါက စပိန်အစိုးရ၏ ခွင့်ပြုချက်ကို ရရှိရန်လိုအပ်ကြောင်း သိရသည်။

စပိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံကို Lockdown ပြုလုပ်ထားရာ လာလီဂါအသင်းများအနေဖြင့် အခက်တွေ့နေခြင်းဖြစ်သည်။

AS သတင်းစာ၏ ဖော် ပြမှုအရ လာလီဂါအသင်းများအနေဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို မေလ (၁၀)ရက်မတိုင်မီ ပြု လုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။

လာလီဂါအသင်းကစားသမားများသည် လက်ရှိတွင် မိမိတို့၏နေအိမ်များ၌ တစ်ဦးချင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိနေပြီး လာလီဂါအသင်းများ၏ အသင်းလိုက်လေ့ကျင့်ရေးအစီအစဉ်မှာမူ အစိုးရ၏ ညွှန်ကြားချက်အပေါ် တွင် မူတည်နေကြောင်း သိရသည်။


READ NEXT
Cancel OK