အီတလီနိုင်ငံ၊ ဘာဂါမိုမြို့တော်ဝန်ဖြစ်သူ ဂိုရီက အတ္တလန်တာ-ဗလင်စီယာပွဲကြောင့် အီတလီနှင့် စပိန်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု မြင့်မားခဲ့သည်ဟု ယုံကြည် နပြီး အဆိုပါပွဲစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်အဏုမြူဗုံးတစ်လုံး ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ (၁၉)ရက်က အီတလီနိုင်ငံ၊ မီလန်မြို့ရှိ ဆန်စီရိုကွင်းတွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် အတ္တလန်တာ (၄-၁) ဗလင်စီယာပွဲကို နှစ်ဖက်အသင်းမှ ပရိသတ် (၄၀၀၀၀) လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနောက် အီတလီနိုင်ငံနှင့် စပိန်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမှာ လျင်မြန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂိုရီက အတ္တလန်တာ- ဗလင်စီယာပွဲ ကစားချိန်တွင် မည်သို့ဖြစ်လာမည်ကို မိမိတို့အနေဖြင့် တွက်ချက်နိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ဂိုရီက ''အတ္တလန်တာနဲ့ ဗလင်စီယာတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က အဏုမြူဗုံးတစ်လုံး ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော်တို့အနေနဲ့ ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာကို မသိခဲ့ကြပါဘူး။ တကယ်လို့ အဲဒီတုန်းက (ကိုရိုနာ) ဗိုင်းရပ်စ်သာ ရှိနေမယ်ဆိုရင် ဆန်စီရိုကွင်းကိုသွားခဲ့တဲ့ ပရိသတ် (၄၀၀၀၀)စလုံးကို ကူးစက်ခံရမှာပါ။ အဲဒီတုန်းက ပွဲကြည့်ခဲ့တဲ့ ပရိသတ်တစ်ယောက်ယောက်ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ ပရိသတ်တွေက အုပ်စုလိုက်၊ အုပ်စုလိုက် ပွဲကြည့်ခဲ့ကြတာပါ။ အဲဒီညတုန်းက ပရိသတ်တွေအချင်းချင်း ထိတွေ့ဆက်ဆံမှုတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီကနေ ဗိုင်းရပ်စ်က တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီ ကူးစက်တော့တာပါပဲ''ဟု ဆိုခဲ့သည်။
အတ္တလန်တာအသင်းသည် ၎င်းတို့၏အိမ်ကွင်းကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည့်အတွက် ဗလင်စီယာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဆန်စီရိုကွင်းကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းပွဲအပြီးတွင် အတ္တလန်တာပရိသတ်များသည် မီလန်မြို့မှ ဘာဂါမိုသို့ ပြန်လာခဲ့သည်။
ယင်းနောက် ဘာဂါမိုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားခဲ့သလို၊ ဗလင်စီယာပရိသတ်များသည် ယင်းပွဲအပြီးတွင် စပိန်နိုင်ငံသို့ ပြန်လာခဲ့ကြရာ စပိန်နှင့် အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
