Top News

လာမည့်ရာသီ FA ဖလားနှင့် Carabao Cup တို့ကို ဖျက်သိမ်းဖွယ်ရှိ
24htopnews | October 23, 2024 6:12 AM CST

The Sun သတင်းစာ၏ ဖော်ပြချက်အရ ယခု ၂၀၁၉-၂၀ ရာသီ ပွဲစဉ်များ နောက်သို့ ရွှေ့ဆိုင်းလိုက်ခြင်း ကြောင့် ပြိုင်ပွဲကို ပြန်လည်စတင်ဖြစ်လျှင်ပင် ပြီးဆုံးချိန်နောက်ကျမည်ဖြစ်ရာ ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကိုပါ ထိခိုက်မှုများရှိနိုင်သဖြင့် အခြားဖလားပြိုင်ပွဲနှစ်ခုကို တစ်ရာသီဖျက်သိမ်းရန် နည်းလမ်းကို တာဝန်ရှိသူများက စဉ်းစားနေသည်ဟု သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက် မှုအဖြစ် လာမည့်ရာသီတွင် ကျင်းပမည့် FA ဖလားပြိုင်ပွဲနှင့် Carabao Cup ပွဲစဉ်များအား ရွှေ့ဆိုင်းရဖွယ် ရှိနေသည်ဟု သိရှိရသည်။

The Sun သတင်းစာ၏ ဖော်ပြချက်အရ ယခု ၂၀၁၉-၂၀ ရာသီ ပွဲစဉ်များ နောက်သို့ ရွှေ့ဆိုင်းလိုက်ခြင်း ကြောင့် ပြိုင်ပွဲကို ပြန်လည်စတင်ဖြစ်လျှင်ပင် ပြီးဆုံးချိန်နောက်ကျမည်ဖြစ်ရာ ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကိုပါ ထိခိုက်မှုများရှိနိုင်သဖြင့် အခြားဖလားပြိုင်ပွဲနှစ်ခုကို တစ်ရာသီဖျက်သိမ်းရန် နည်းလမ်းကို တာဝန်ရှိသူများက စဉ်းစားနေသည်ဟု သိရသည်။ 

ယခုအချိန်အထိ မည်သည့်အချိန်တွင် ပရီးမီးယားလိဂ်ကို ပြန်လည်စတင်နိုင်မည်ကို မသိရှိသေးသလို၊ မည်သည့်အချိန်တွင် အဆုံးသတ်ပြီး၊ မည်သည့်အချိန်တွင် နောက်ရာသီကို ပြန်လည်စတင်နိုင်မည်ကို မသိရှိသဖြင့် အပြီးသတ်ဆုံးဖြတ်မှု မပြုလုပ်နိုင်သေးသော်လည်း ပြန်လည်စတင်ချိန်နောက်ကျသည်နှင့်အမျှ FA ဖလားနှင့် Carabao Cup ပြိုင်ပွဲ တစ်မျိုးမျိုးကိုဖြစ်စေ၊ နှစ်ရပ်စလုံးကိုဖြစ်စေ ဖျက်သိမ်းရန်မှာ နည်းလမ်းတစ်ခုဖြစ်နေသည်။ 

ဘဏ္ဍာရေးနည်းလမ်းအရစဉ်းစားပါက ပရီးမီးယားလိဂ်ကို  အထိအခိုက်မခံနိုင်ခြင်းကြောင့် အခြားဖလားပြိုင်ပွဲများကို ဖျက်သိမ်းရန် စဉ်းစားနေခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲများကို မဖျက်သိမ်းပါကလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပရီးမီးယားလိဂ် အသင်းများကို ယှဉ်ပြိုင်ခွင့်မပြုရန် စဉ်းစားထားကြောင်း သိရသည်။ 

READ NEXT
Cancel OK