ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသရန်အတွက် ထုတ်လုပ်ထားသော ၎င်းတို့၏ဆေး Remdesivir သည် လူနာတစ်ဦးလျှင် ဒေါ်လာ ၂၃၄၀ ကျသင့်မည်ဖြစ်ကြောင်း ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီး Gilead Sciences က ဇွန် ၂၉ တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့်အခြား ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ ထိုဆေးနှင့်တစ်ကြိမ် ကုသမှုအတွက် ဒေါ်လာ ၂၃၄၀ ကုန်ကျမည်ဖြစ်ပြီး လက်ရှိဆေးအားလုံးနီးပါးကို လာမည့်သုံးလအတွင်း အမေရိကန်အတွက် ဖြည့်ဆည်းပေးမည်ဟု Gilead က ပြောကြားခဲ့သည်။
ပုဂ္ဂလိက ကျန်းမာရေးအာမခံရှိသည့် လူနာများအတွက် remdesivir ဆေးသည် ဒေါ်လာ ၃၁၂၀ ကျသင့်မည်ဟု Gilead က ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသရန် ထိရောက်မှုရှိသည့်ဆေး တစ်မျိုးအဖြစ် သတ်မှတ်ခံရသော remdesivir ကို ဝယ်လိုအား ကြီးမားဖွယ်ရှိသည်။
Remdesivir ကို လက်တွေ့စမ်းသပ်မှုများအရ ကိုရိုနာဗိုင်းရပ်စ်လူနာများကို ပြန်လည်နာလန်ထူချိန် သိသိသာသာ လျော့ကျစေကြောင်း တွေ့ရှိခဲ့ပြီး အမေရိကန်တွင် အရေးပေါ်သုံးစွဲမှုအတွက် ထောက်ခံခွင့်ပြုချက် ရရှိထားသည်။ ထို့ပြင် ဂျပန်တွင်လည်း Remdesivir ကို သုံးစွဲခွင့် ပေးထားသည်။
တစ်ကြိမ်ကုသမှုအတွက် ငါးရက်သုံးစွဲရသော Remdesivir ဆေးသည် လူနာများကို ဆေးရုံမှ စောဆင်းရန် အထောက်အကူ ပြုသည့်အတွက် အမေရိကန်တွင် လူနာတစ် ဦးလျှင် ဒေါ်လာ ၁၂၀၀၀ ခန့် သက်သာစေမည်ဟု Gilead ၏အမှုဆောင်ချုပ် ဒန်နီရယ်အိုဒေးက ပြောကြားခဲ့သည်။
သို့သော်လည်း Public Citizen ကဲ့သို့ လူနာများဘက်မှ ထောက်ခံအားပေးသည့် အဖွဲ့များက အမေရိကန်အစိုးရထံမှ အကူအညီရယူပြီး Remdesivir ဆေးကို ထုတ်လုပ်ထားခြင်း ဖြစ်သောကြောင့် ယခုထက် စျေးပိုသက်သာသင့်ကြောင်း ဝေဖန်ခဲ့ကြသည်။ ဆေးထုတ်လုပ်ရန်အတွက် အမေရိကန် အခွန်ထမ်းပြည်သူများ၏ငွေများကို သုံးစွဲခဲ့သောကြောင့် Remdesivir ဆေး၏ စျေးသည် စိတ်ပျက်စရာဖြစ်ကြောင်း Pubic Citizen မှ ဆေးဝါးဆိုင်ရာဒါရိုက်တာ ပီတာမေဘာဒက်က ပြောကြားခဲ့သည်။
Gilead သည် အမေရိကန်ဆေးရုံများအတွက် Remdesivir ဆေးကို စက်တင်ဘာကုန်အထိ ဆက်လက်ထောက်ပံ့ရန် သဘောတူညီထားသည်။ အမေရိကန်ရှိ ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် Remdesivir ဆေး ကို အသုံးပြုခွင့်အား မေလတွင် ခွင့်ပြုခဲ့ပြီးနောက် ယင်းဆေး၏စျေးသည် ပြင်းပြင်းထန်ထန် ဆွေးနွေးရမည့် ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။
ကျန်းမာရေး အကျပ်အတည်းကို အကျိုးအမြတ်အတွက် အသုံးချသည်ဟု သတ်မှတ်မခံရရန် Gilead က ရှောင်ရှားရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ Gilead သည် ယခုနှစ်တွင် Remdesivir ဆေးကို ရောင်းချမှုမှ ဒေါ်လာ ၅၂၅ သန်းခန့် ရရှိနိုင်ပြီး လာမည့်နှစ်တွင် ဒေါ်လာ ၂.၁ ဘီလျံခန့် ရရှိမည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။
ဥရောပသမဂ္ဂ၏ကျန်းမာရေးစောင့်ရှောက်မှု ထိန်းချုပ်ကွပ်ကဲရေးအဖွဲ့က အခြေအနေဆိုးရွားနေသော ကိုရိုနာဗိုင်းရပ်စ် လူနာများကို Remdesivir ဆေးနှင့် ကုသရန် ပြီးခဲ့သည့် သီတင်းပတ်က သဘောတူခဲ့ပြီး ဥရောပကော်မရှင်က မကြာမီ ထောက်ခံခွင့်ပြုပေးဖွယ် ရှိသည်။
Gilead သည် Cipla နှင့် Hetero Labs အပါအဝင် အိန္ဒိယနှင့် ပါကစ္စတန်ရှိ ဆေးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂၇ ၌ Remdesivir ဆေး ထုတ်လုပ်ဖြန့်ဖြူးရန် ဆောင်ရွက်နေသည်။
Cipla က ထုတ်လုပ်မည့်ဆေးသည် ၆၆.၂၄ ဒေါ်လာအောက် ကျသင့်မည်ဖြစ်ပြီး Hetero Labs က ထုတ်သော ဆေးသည် ၇၁.၅၄ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
