ပြင်သစ်တွင် ဇွန် ၂၈ ၌ ဒေသဆိုင်ရာ ရွေးကောက်ပွဲများအား ကျင်းပခဲ့ရာ မဲလာထည့်သူအရေအတွက် စံချိန်တင်နည်းပါးခဲ့ပြီး သမ္မတအီမန်နျူရယ်မက်ခရွန်၏ အာဏာရပါတီက မည်သည့်ကြီးကြီးမားမား သက်ရောက်မှုမျှ မပြုလုပ်နိုင်ခဲ့ဘဲ ဂရင်းပါတီက အခြေအနေကောင်းမွန်နေခဲ့သည်။
အစောပိုင်းမဲရေတွက်မှုများအား ခန့်မှန်းတွက်ချက်မှုများအရ Europe Ecology, the Green Party (EELV) က လိုင်ယွန်၊ ဘော်ဒိုး၊ စထရက်စ်ဘော့တို့ကဲ့သို့ အဓိကမြို့ကြီးများတွင် အနိုင်ရရန်ရှိနေပြီး လိုင်လီမြို့တွင်မူ အကြိတ်အနယ်ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။
ပထမအကျော့ရွေးကောက်ပွဲအား မတ် ၁၅ တွင် ကျင်းပခဲ့ပြီးနောက် သုံးလခန့်အကြာတွင် ဒုတိယအကျော့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဒုတိယအကျော့အား ယခင်က မတ် ၂၂ တွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်မရမီ လပိုင်းအလိုကမှ မက်ခရွန်က ထူထောင်ခဲ့သော ဗဟိုဝါဒီ Republic on the Move (LREM) ၏ ရလဒ်ဆိုးရွားခဲ့သဖြင့် စိတ်ပျက်မိကြောင်း အစိုးရ၏ပြောခွင့်ရပုဂ္ဂိုလ် Sibeth Ndiaye က ပြောကြားခဲ့သည်။
ယင်းသည် LREM နိုင်ငံတစ်ဝန်းဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသအဆင့်တွင် ခြေကုပ်ယူနိုင်ခဲ့ခြင်းမရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
မိမိတို့အချင်းချင်းအကြား သဘောထား ကွဲပြားမှုများရှိနေသည့် ဒေသများတွင် ယင်းကဲ့သို့ အလွန်အမင်း စိတ်ပျက်စရာ ကောင်းသောရလဒ်များကို ထွက်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း Ndiaye က ပြင်သစ်ရုပ်သံသို့ ပြောကြားခဲ့သည်။
ဆိုရှယ်လစ်ဝါဒီ Anne Hidalgo က မြို့တော်ပါရီ၏ မြို့တော်ဝန်အဖြစ် ဒုတိယမြောက်သက်တမ်းကို အလွယ်တကူအနိုင်ရရန် အခြေအနေကောင်းနေခဲ့သည်။ ပါရီတွင် ကားသုံးစွဲမှုအား ကန့်သတ်သွားမည်ဟု ကတိပြုခဲ့သော Hidalgo က အသက်ရှူ ချောင်စေသော၊ နေထိုင်ရန်အတွက် ပိုမိုအဆင်ပြေစေသော ပါရီကို ရွေးချယ်ခဲ့မှုအတွက် မဲဆန္ဒရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပါရီတွင် လက်ယာယိမ်းဝါဒီ ကိုယ်စားလှယ်လောင်း ရာချီဒါဒါတီက မဲဒုတိယအများဆုံးနှင့် LREM ၏ကိုယ်စားလှယ်လောင်း Agnes Buzyn က တတိယအများဆုံးရရှိမည်ဟု ခန့်မှန်းထားသည်။
မာရင်းလီပင်း၏ National Rally ပါတီက နိုင်ငံတောင်ပိုင်း၏ Perpignan မြို့တွင် အနိုင်ရခဲ့သဖြင့် လက်ယာအစွန်းရောက်ပါတီတစ်ခုက လူဦးရေ ၁၀၀၀၀၀ ကျော်ရှိသော ပြင်သစ်မြို့တစ်မြို့တွင် ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အနိုင်ရမှုလည်း ဖြစ်လာခဲ့သည်။
ဂရင်းပါတီ EELV က နိုင်ငံမြောက်ပိုင်း လိုင်လီမြို့၏ မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဝန်ကြီးဟောင်း မာတင်အူဘရီအား ဖယ်ရှားနိုင်ခဲ့ပါက အကြီးမားဆုံးအောင်ပွဲ ဖြစ်လာမည်ဖြစ်သည်။ သို့သော် အူဘရီအား ထောက်ခံသူများကမူ မဲရလဒ်များသည် အကြိတ်အနယ်ရှိနေသေးသည်ဟု အခိုင်အမာ ပြောကြားနေဆဲဖြစ်သည်။
နိုင်ငံအရှေ့ပိုင်း စထရက်ဘော့တွင် EELV ကိုယ်စားလှယ်လောင်း အသက် ၃၉ နှစ်ရှိ Jenne Barsegnian က LREM ဦးဆောင်သော မဟာမိတ်ကို အနိုင်ရရန် အခြေအနေကောင်းနေသည်။
မာဆေးမြို့တွင် သဘာဝပတ်ဝန်းကျင် အရေးလှုံ့ဆော်သူ မီချယ်လီရူဘီရိုလာက လက်ယာယိမ်းဝါဒီများ၏ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားမှုကို အဆုံးသတ်တော့မည် ဖြစ်သည်။
ပထမအကျော့ရွေးကောက်ပွဲများတွင် ပြတ်သားသောရလဒ်များ ထွက်ပေါ်ခဲ့ခြင်း မရှိခဲ့သော မြို့ကြီးနှင့် မြို့ငယ် ၅၀၀၀ နီးပါးတွင် မဲပေးရန် အရည်အချင်းပြည့်မီသူ ၁၆.၅ သန်းခန့် ရှိခဲ့သည်။
သို့သော် မဲဆန္ဒရှင်ငါးဦးလျှင် နှစ်ဦးနှုန်းကသာ မဲလာပေးခဲ့ကြကြောင်း ခန့်မှန်းရပြီး ပျက်ကွက်မဲရာခိုင်နှုန်း ၆၀ ခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
ပြင်သစ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၃၀၀၀၀ နီးပါးရှိလာခဲ့ပြီး ကပ်ရောဂါအား အစိုးရ၏ကိုင်တွယ်မှုနှင့် ပတ်သက်၍ မဲဆန္ဒရှင်အချို့က ဒေါသထွက်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
