ဘရာဇီးတွင် ဇွန် ၂၈ အထိ ပြီးခဲ့သော သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် ၂၅၉၁၀၅ ဦးအထိ စံချိန်တင်ရှိခဲ့ပြီး ကူးစက်မှုဆိုင်ရာ အဆိုးရွားဆုံး ရက်သတ္တပတ်ဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယင်းသီတင်းပတ်အတွင်း သေဆုံးသူစုစုပေါင်း ၇၀၀၅ ဦးရှိခဲ့သဖြင့် ဒုတိယမြောက် သေဆုံးမှုအများဆုံး သီတင်းပတ်လည်း ဖြစ်ခဲ့သည်။ ယခင် သေဆုံးမှုအများဆုံး သီတင်းပတ်တွင်မူ သေဆုံးသူ ၇၂၈၅ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့သည်။
အမေရိကန်ပြီးလျှင် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူနှင့် သေဆုံးသူအရေအတွက် ဒုတိယအများဆုံးဖြစ်နေသော ဘရာဇီးတွင် ထိုကပ်ရောဂါအား ကိုင်တွယ်ဖြေရှင်းမည့် မဟာဗျူဟာချမှတ်ရန်နှင့် ပတ်သက်၍ ရုန်းကန်နေကြရသည်။
ဘရာဇီးနိုင်ငံတစ်ဝန်း မြို့များစွာအပြင် စတော့ဟုမ်း၊ လန်ဒန်နှင့် ဘာစီလိုနာတို့ကဲ့သို့ အလွန်အမင်း ဝေးကွာသောနေရာများတွင်ပါ ဘရာဇီးသမ္မတ ဘော်ဆွန်နာရို၏ ကပ်ရောဂါအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုစိတ်ပျက်စရာကိန်းဂဏန်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လက်ယာစွန်းရောက် ဘရာဇီးသမ္မတက ထိုကပ်ရောဂါအား အပျော့စားတုပ်ကွေးအဖြစ် မှိန်ချခဲ့ပြီး ပြည်နယ်အစိုးရများက ထုတ်ပြန်ထားသော stay_at_home စီမံချက်များကို ဆန့်ကျင်ခဲ့သည်။ ထို့ပြင် လူအချင်းချင်း ခွာခွာကင်းကင်းနေရေး ညွှန်ကြားချက်များနှင့် မြို့တော် ဘရာစီလီယာတွင် ထုတ်ပြန်ခဲ့သော နှာခေါင်းစည်းတပ်ရန် ညွှန်ကြားချက်များကိုလည်း သမ္မတက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်။
ရီယိုဒီဂျနေရိုးမြို့၏ ကိုပါကာဘာနာကမ်းခြေတွင် သမ္မတအား ဟန့်တားကြဟူသော ကြွေးကြော်သံများဖြင့် ဆန့်ကျင်ဆန္ဒပြသူများအပြင် Gay Pride နေ့နှင့် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးတို့အတွက်လည်း ဆန္ဒပြနေသူများကို အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းများ ကိုင်ဆောင်ထားသော စစ်ရဲများက နံပါတ်တုတ်များသုံး၍ လူစုခွဲရန် ကြိုးပမ်းခဲ့ကြသည်။
လူ ၂၀၀ ခန့်ပါဝင်သော ဆန္ဒပြလူအုပ်အား ရဲများက ပြင်းပြင်းထန်ထန်ဖြိုခွင်းမှုကြောင့် နောက်ထပ် လူအများအပြားက ၎င်းတို့၏ နေအိမ်ပြတင်းပေါက်များမှနေ၍ ဘော်ဆိုနာရို ထွက်သွားဟု အော်ဟစ်ခဲ့ကြသည်။
မြို့တော် ဘရာစီလီယာတွင် ဆန္ဒပြသူများက COVID-19 ကြောင့် သေဆုံးခဲ့သူများအား အမှတ်ရစေရန်အတွက် ကွန်ဂရက်အရှေ့၏ မြက်ခင်းပြင်တွင် လက်ဝါးကပ်တိုင် ၁၀၀၀ အထိကို ထားရှိခဲ့ပြီး ဘော်ဆွန်နာရို လိမ်ညာနေမှုရပ်ဟူသော စာတန်းကို ချိတ်ဆွဲခဲ့သည်။
ဘရာဇီးတွင် COVID-19 ကြောင့် အလွန်အမင်းများပြားသော သေဆုံးမှုများကို ရင်ဆိုင်နေရစဉ် ဧရာမကြီးမားသော၊ ဖုံးကွယ်နေသော နာကျင်မှုများကို ခံစားနေကြရကြောင်း ထိုဆန့်ကျင်ဆန္ဒပြမှုအား စီစဉ်သူများက ပြောကြားခဲ့ကြသည်။
ဘရာဇီးတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူ အမှန်တကယ်အရေအတွက်သည် အစိုးရက တရားဝင်ထုတ်ပြန်ထားသော အရေအတွက်ထက် အလွန်အမင်းမြင့်မားနေဖွယ်ရှိဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနသည် ယခုသီတင်းပတ်မှစတင်၍ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် သံသယဖြစ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအားလုံးကို စစ်ဆေးမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် လူဦးရေ ၂၁၂ သန်းရှိ ဘရာဇီးတွင် ရောဂါစစ်ဆေးနိုင်မှုအားနည်းခြင်းက ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်သည်။
ရောဂါကူးစက်ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်သေးသော်လည်း ဒေသဆိုင်ရာအစိုးရအချို့က ၎င်းတို့၏စီးပွားရေးများကို ပြန်ဖွင့်ရန် စိတ်အားထက်သန်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
