ဇွန် ၂၈ ရက်သို့ ရောက်ရှိလာချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာ ၁၀ သန်း ကျော်လွန် သွားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ တွက်ချက်ထားသော ကိန်းဂဏန်းအချက် အလက်အရ သိရသည်။ ယင်းပမာဏသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူး စက်ပြန့်ပွားမှုအတွင်း ကူးစက်မှုအများဆုံး ပမာဏဖြစ်ပြီး COVID-19 ကပ်ရောဂါ ကြောင့် ခုနစ်လအတွင်း လူပေါင်း သန်းဝက် နီးပါး သေဆုံးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းကျော် အရေအတွက်သည် နှစ်စဉ် စာ ရင်းပြုထားသော ပြင်းထန်တုပ်ကွေး ခံစားရသူအရေအတွက်ထက် အကြမ်းအားဖြင့် နှစ်ဆ ပိုများနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဆိုသည်။
ကာကွယ်ဆေး ရရှိလာမည့်အချိန်အထိ တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ပိုသော ကာလအထိ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစီမံချက်များကို တင်းတင်းကျပ်ကျပ် သတ်မှတ ်ပြဋ္ဌာန်းထားရမည်ဖြစ်သော်လည်း ရောဂါပိုးကူးစက်မှုနှုန်းမြင့်မားနေသည့် နိုင် ငံများ၌ Lockdown ချထားမှုကို ဖြေလျှော့ နေခြင်း၊ အလုပ်ခွင်နှင့်လူနေမှုဘဝကို မူလအခြေအနေသို့ရောက်အောင် ကျယ်ကျယ် ပြန့်ပြန့် ပြောင်းလဲခြင်းများလုပ်ဆောင်နေ ကြစဉ် ဗိုင်းရပ်စ်ကူးစက်သူ ၁၀ သန်း ကျော် သွားခဲ့ခြင်းဖြစ်သည်။
ကူးစက်မှု တစ်ဖန်မြင့်တက်လာသည် ကို သတိထားမိကြသည့် နိုင်ငံအချို့တွင် Lockdown ကို တစ်စိတ်တစ်ပိုင်း ပြန်ချရန် အာဏာပိုင်များအား လုပ်ပိုင်ခွင့် အပ်နှင်းထားသည်။
မြောက်အမေရိက၊ လက်တင်အမေရိ က၊ ဥရောပသည် ကမ္ဘာတစ်ဝန်းကူးစက်မှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းစီကို အသီးသီး ကိုယ်စားပြုကြောင်း၊ အာရှသည် ၁၁ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းဒေသသည် ၉ ရာခိုင် နှုန်းရှိကြောင်း အစိုးရအဖွဲ့များမှ ထုတ်ပြန် သော ကိန်းဂဏန်းအချက်များကို စုစည်း တွက်ချက်၍ ရိုက်တာက ထုတ်ပြန်ခဲ့သည်။
ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၄၉၇,၀၀၀ ကျော်ရှိနေပြီး ထိုအ ရေအတွက်သည် နှစ်စဉ် တွက်ချက်ရယူ ထားသော တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်နှင့် အကြမ်းအားဖြင့် တူညီသည်။
COVID-19 အတည်ပြုလူနာများကို တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဇန်နဝါရီ ၁၀ ရက် တွင် ပထမဆုံး အတည်ပြုခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဥရောပ၊ အမေရိကန်၊ ရုရှား၌ ဗိုင်းရပ်စ်ကူးစက်မှုနှင့် လူသေဆုံးမှုများ မြင့်တက်လာခဲ့သည်။
လတ်တလောတွင် အိန္ဒိယနှင့်ဘရာဇီး၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ၁၀,၀၀၀ အထက်တွင် ရှိနေခြင်းနှင့် အတူ ကပ်ရောဂါသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်လာပြီဖြစ်သည်။ ပြီးခဲ့သည့်သီ တင်းပတ်တွင် ယင်းနှစ်နိုင်ငံရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်စုစုပေါင်းသည် ကူးစက်မှုအားလုံး၏ သုံးပုံတစ်ပုံကို ကိုယ် စားပြုနေသည်။ လက်တင်အမေရိက၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ အောက်တိုဘာလကုန်မတိုင်မီတွင် ၃၈၀, ၀၀၀ ကျော်ရှိလာလိမ့်မည်ဟု သုတေသနပညာရှင်အချို့က ခန့်မှန်းထားကြသည်။
နေ့အလိုက်ကူးစက်မှုနှုန်းသည် မတ် လ၌ ၁၀ ရာခိုင်နှုန်းအထက်တွင်ရှိနေရာမှ ပြီးခဲ့သည့်သီတင်းပတ်တွင် ၁-၂ ရာခိုင်နှုန်း အကြားသို့ ကျဆင်းသွားခဲ့သည်။ နိုင်ငံတွင်း ၌ ရောဂါကူးစက်မှု အတော်အတန်ကျဆင်း သွားခဲ့သည့် တရုတ်၊ နယူးဇီလန်၊ သြစတြေး လျတွင် ပြီးခဲ့သည့်လအတွင်း ကူးစက်မှုသစ် များ ဖြစ်ပွားခဲ့သည်။ ပေကျင်းတွင် စမ်းသပ် တွေ့ရှိခဲ့သော ကူးစက်မှုသစ်များသည် လက်ကားစျေးရုံတစ်ခုနှင့် ဆက်နွှယ်နေရာ ယင်းမြို့၌ ရောဂါပိုးစမ်းသပ်စစ်ဆေးမှုကို တစ်နေ့လျှင် လူပေါင်း ၃၀၀,၀၀၀ အထိ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
