ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော မတည်ငြိမ်မှုများက လူကုန်ကူးမှု မြင့်တက်စေရန် လမ်းပွင့်စေခဲ့ကြောင်း အမေရိကန်က ဇွန် ၂၅ တွင် သတိပေးခဲ့သည်။ လူကုန်ကူးမှုနှင့် ပတ်သက်၍ နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာတွင် အမေရိကန်က အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ လီဆိုသိုနှင့် နီကာရာဂွါတို့အား အမည်ပျက်စာရင်း ထည့်သွင်းခဲ့သည်။
လူကုန်ကူးမှုအား တိုက်ဖျက်ရန်အတွက် အရေးပေါ်လုပ်ဆောင်ရမှုက အမြဲတမ်းရှိနေစဉ် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် သက်ဆိုင်သူများအားလုံးသည် လူကုန်ကူးမှုအား တိုးမြှင့်တိုက်ဖျက်ရန်အတွက် ယခင်ကထက် ပိုမိုပူးပေါင်းရတော့မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထိုအစီရင်ခံစာ ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။
လူကုန်ကူးသူများသည် ခုခံကာကွယ်နိုင်စွမ်း အနည်းဆုံးသူများအား လိုက်လံရှာဖွေပြီး ၎င်းတို့အား အမြတ်ထုတ်နိုင်ရန် အကောင်းဆုံး အခွင့်အရေးများကို ရှာဖွေခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကပ်ရောဂါကြောင့် မတည်ငြိမ်မှုများနှင့် အလွန်အမင်း အရေးကြီးသောဝန်ဆောင်မှုများအား အသုံးပြုနိုင်ခြင်း မရှိမှုတို့ကြောင့် လူကုန်ကူးသူများ၏ အမြတ်ထုတ်ခံရသော ခုခံကာကွယ်နိုင်စွမ်း အနည်းဆုံးသူ အရေအတွက် အလျင်အမြန်မြင့်တက်လာကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။
လူကုန်ကူးသူများသည် ကပ်ရောဂါကာလအတွင်း ရပ်နားသွားခြင်းမရှိဘဲ လူများအား ထိခိုက်စေရန်နှင့် နည်းလမ်းများအား ဆန်းသစ်ရန်၊ ကပ်ရောဂါကြောင့် ဝရုန်းသုန်းကားဖြစ်မှုအား အမြတ်ထုတ်ရန်ပင် ဆက်လက်ကြိုးပမ်းနေကြကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်၏ အထူးတာဝန် အပ်နှင်းခံရသူ ဂျွန်ရစ်ချ်မွန်းကလည်း ပြောကြားခဲ့သည်။
အမေရိကန်၏ လူကုန်ကူးမှုဆိုင်ရာ အမည်ပျက်စာရင်းတွင် ဖော်ပြခံရသည့် နိုင်ငံများသည် ထိုမကောင်းမှုအား တိုက်ဖျက်ရန် လုံလောက်စွာ လုပ်ဆောင်ခဲ့ခြင်းမရှိဟု သတ်မှတ်ခံရသည်။ ယင်းစာရင်းတွင် ဖော်ပြခံရသည့်နိုင်ငံများအား အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သော အကူအညီများအား အမေရိကန်က ကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းနှစ်ခုစလုံးကို ချမှတ်၍ အရေးယူနိုင်သည်။
တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှား၊ ဆီးရီးယားနှင့် ဗင်နီဇွဲလားတို့အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် လူကုန်ကူးမှုဆိုင်ရာ အဆိုးရွားဆုံးနိုင်ငံများစာရင်းထဲသို့ နောက်ထပ်လေးနိုင်ငံ ထည့်ပေါင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏မဟာမိတ် ဆော်ဒီအာရေဗျသည် ထိုအမည်ပျက်စာရင်းမှ ဖယ်ရှားခံရပြီး ရှားရှားပါးပါးလုပ်ရပ်အဖြစ် အိုင်ယာလန်နှင့် ဟောင်ကောင်တို့သည် စောင့်ကြည့်အဆင့် Tier 2 တွင် ဖော်ပြခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
