Top News

ဘရာဇီးလ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်၌ ရစ်ချာလီဆန်နှင့် ဗင်နီစီယပ်စ် ခိုက်ရန်ဖြစ်ပွားခဲ့
24htopnews | October 23, 2024 9:12 AM CST

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်နှင့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယပ်စ်တို့သည် ဘရာဇီးလ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်အသင်းသည် ဇွန်လနိုင်ငံတကာရက် သတ္တပတ်အတွင်း အာရှသို့လာရောက်ပြီး တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။ ဂျပန်နှင့်ပွဲအတွက် စနေနေ့က လေ့ကျင့်မှု ပြုလုပ်စဉ် ရစ်ချာလီဆန်နှင့် ဗင်နီစီယပ်စ်တို့ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘရာဇီးလ်အသင်း၏ လေ့ကျင့်မှုအစီအစဉ်ကို မီဒီယာများက စောင့်ကြည့်နေခဲ့ကြသည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့ပြီး နေမာ၊ အဲလ်ဗတ်စ်နှင့် ပါကေတာတို့က ဝင်ရောက်ဖျန်ဖြေပေးခဲ့ရကြောင်း သိရသည်။

ပြဿနာဖြစ်ပွားခဲ့သည့်အကြောင်းရင်းကို မီဒီယာများက ဖော်ပြနိုင်ခြင်းမရှိခဲ့သော်လည်း ရစ်ချာလီဆန်က ကိုယ်ထိလက်ရောက်စတင်ပြုမူခဲ့ခြင်း ဖြစ်သလို၊ အသင်းဖော်များ ဖျန်ဖြေပေးခဲ့သည့်နောက်တွင်လည်း ထပ်မံရန်ပြုရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ပရိသတ်အချို့က လူမှုကွန်ရက်တွင် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ရာ ဗင်နီစီယပ်စ်က ရစ်ချာလီဆန်ကို ချန်ပီယံလိဂ်မရဖူးသူ၊ နောက်ရာသီ၌ အဲဗာတန်နှင့် တန်းဆင်းရမည့်သူအဖြစ် စနောက်ခဲ့ကြောင်း၊ လူကာကူက ပိုကောင်းသည်ဟု ပြောကြားခဲ့ချိန်တွင် ရစ်ချာလီဆန်က စိတ်မထိန်းနိုင်တော့ဘဲ ရန်ပြုရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့ကြသည်။


READ NEXT
Cancel OK