အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် အက်စ်တိုးနီးယားနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစွမ်းပွဲတွင် တစ်ပွဲတည်း (၅)ဂိုးသွင်းယူပြီး လက်ရွေးစင်ကစားသမားဘ၀ သွင်းဂိုးမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် ယင်းပွဲတွင် အာဂျင်တီးနားအသင်း ရရှိသည့် (၅)ဂိုးစလုံးသွင်းယူခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်ကစားသမားဘဝ၌ တစ်ပွဲတည်း အများဆုံးသွင်းယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
မက်ဆီသည် ယခင်က တစ်ပွဲတည်းတွင် အများဆုံး (၃)ဂိုးသာ သွင်းယူနိုင်ခြင်းဖြစ်ပြီး ပြိုင်ဘက်များမှာ ဆွစ်ဇာလန်၊ ဘရာဇီးလ်၊ ဂွါတီမာလာ၊ ပနားမား၊ အီကွေဒေါ၊ ဟေတီနှင့် ဘိုလစ်ဗီယားတို့ဖြစ်သည်။ မက်ဆီသည် အာဂျင်တီးနားလက်ရွေးစင်အဖြစ် ၂၀၀၅ ခုနှစ်တွင် စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၀၆ ခုနှစ်တွင် ပထမဆုံးဂိုး စတင်သွင်းယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် လက်ရွေးစင်သက်တမ်း (၁၇)နှစ်အတွင်း စုစုပေါင်း(၁၆၂)ပွဲ ယှဉ်ပြိုင်ကစားရာတွင် (၈၆)ဂိုး သွင်းယူနိုင်ခဲ့သည်။
အက်စ်တိုးနီးယားအသင်းသည် မက်ဆီ ဂိုးသွင်းယူနိုင်သည့် အသင်း(၃၀)မြောက်လက်ရွေးစင်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် တစ်ပွဲတည်း(၅)ဂိုးသွင်းယူနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ဘာစီလိုနာအသင်းအတွက်မူ လွန်ခဲ့သည့် (၁၀)နှစ်က တစ်ပွဲတည်း(၅)ဂိုး သွင်းယူခဲ့ဖူးသည်။
၂၀၁၂ ခုနှစ်က လေဗာကူဆင်နှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် (၇-၁)ဂိုးဖြင့် အနိုင်ရရှိရာ၌ မက်ဆီက တစ်ဦးတည်း (၅)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်း၌ ပထမဆုံးစွမ်းဆောင်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
မက်ဆီ၏ မဟာပြိုင်ဘက် စီရော်နယ်လ်ဒိုမှာ လက်ရွေးစင်အသင်းအတွက် တစ်ပွဲတည်း(၄)ဂိုးသွင်းယူနိုင်ခဲ့ဖူးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
