စပါးအသင်းနောက်ခံလူ အီမာဆင်ရွိုင်ရယ်သည် ဘရာဇီးလ်နိုင်ငံရှိ နိုက်ကလပ်တစ်ခု၌ သေနတ်ဖြင့် ပစ်ခတ်လုယက်မှုကြုံတွေ့ခဲ့သော်လည်း အသက်အန္တရာယ်နှင့် ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ဘရာဇီးလ်လက်ရွေးစင်ညာနောက်ခံလူ အီမာဆင် (၂၃ နှစ်)သည် နွေရာသီအားလပ်ရက်အဖြစ် မွေးရပ်မြေဖြစ်သည့် ဘရာဇီးလ်ဆော်ပေါ်လိုမြို့သို့ အပန်းဖြေခရီးသွားရောက်စဉ် ရုပ်ရှင်ဆန်ဆန်အကြမ်းဖက်လုယက်မှု ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ဒေသခံမီဒီယာများ၏ ဖော်ပြမှုအရ အီမာဆင်သည် မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ ကြာသပတေးနေ့ညပိုင်းက New Trips နိုက်ကလပ်သို့ သွားရောက်ခဲ့ပြီး ဒေသစံတော်ချိန် သောကြာနေ့ နံနက် ၃ နာရီခန့်က ပြန်လည်ထွက်ခွာလာစဉ် သေနတ်သမားတစ်ဦး၏ ခြိမ်းခြောက်လုယက်မှု ရင်ဆိုင်ခဲ့ရသည်။
ထိုစဉ် နိုက်ကလပ်အပြင်ဘက်ရှိ ရဲအရာရှိတစ်ဦးက ဝင်ရောက်ကယ်တင်ရာ သေနတ်ဖြင့် ၂၉ ချက်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေနတ်သမားမှာ နောက်ကျောဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် သေနတ်သမားကို ဆေးရုံသို့ပို့ ဆောင်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
"ကျွန်တော် ခင်ဗျား (ရဲအရာရှိ) ကို အမြဲ တမ်းကျေးဇူးတင်နေမှာပါ။ ဘုရားသခင်က ကောင်းကင်တမန်တော်တွေကို ကမ္ဘာမြေပေါ် စေလွှတ်ထားပါတယ်။ ဒါကို ကျွန်တော့် ဘဝတစ်လျှောက်လုံး နေ့တိုင်းယုံကြည်ထားပါတယ်။ ကျွန်တော့်ကိုကယ်တင်ဖို့အတွက် ကိုယ့်အသက်ကိုစွန့်စားခဲ့တဲ့ သူ့ကို တမန်တော်တစ်ယောက်လို့ ကျွန်တော်ခေါ်ဆိုရမှာပါ" ဟု အီမာဆင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
