ယခုနွေရာသီတွင် အပြောင်းအရွှေ့ သတင်းများစွာ ထွက်ပေါ်နေသည့် လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မာနေက လီဗာပူးလ်အသင်းမှ မိမိထွက်ခွာရန် ဆီနီဂေါနိုင်ငံသား ရာခိုင်နှုန်း ၆၀ မှ ၇၀ အထိ ဆန္ဒရှိနေပြီး ၎င်းတို့၏ဆန္ဒကို လိုက်လျောပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
ဆီနီဂေါလက်ရွေးစင်ကစားသမား မာနေ (၃၀ နှစ်)နှင့် လီဗာပူးလ်အသင်း၏ စာချုပ်မှာ တစ်နှစ်သာကျန်ရှိတော့ပြီး ၂၀၂၃ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။ မာနေက ၎င်း၏အနာဂတ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ဆုံးဖြတ်မည်ဟု ပြောကြားဖူးသလို စနေနေ့ကစားမည့် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲအကြို သောကြာနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
"အားလုံးနဲ့အတူတူပဲ ကျွန်တော်လည်း လူမှုမီဒီယာသုံးပါတယ်။ မှတ်ချက်ရေးကြတာတွေကိုလည်း ကျွန်တော်တွေ့ပါတယ်။ ဆီနီဂေါပြည်သူ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းက ကျွန်တော့်ကို လီဗာပူးလ်ကနေ ထွက်ခွာစေချင်ကြတာ မဟုတ်လား။ သူတို့ဖြစ်စေချင်တဲ့ အတိုင်း ကျွန်တော်လုပ်မှာပါ။ မကြာခင် ကျွန်တော်တို့ ကြည့်ကြတာပေါ့။ အလျင်တော့မလိုကြပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို ကျွန်တော်တို့ အတူတူစောင့်ကြည့်မှာဖြစ်လို့ပါ။ အနာဂတ်က ကျွန်တော်တို့ကို ပြောပြပါလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။
မာနေကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေပြီး ကနဦး ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀၊ add-ons ကြေး ယူရိုငါးသန်းမှ ၁၀ သန်းအကြား ထပ်မံပေးချေ၍ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိသည့် သုံးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းမည်ဖြစ်ကြောင်း sky Germany သတင်းဌာနက ဖော်ပြထားသည်။
လီဗာပူးလ်အသင်းကမူ မာနေအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၃၀ ထက်ပို၍ အလိုရှိနေကြောင်း သိရသည်။ ထို့ပြင် PSG အသင်းကလည်း မာနေကို ခေါ် ယူရန် စိတ်ဝင်စားနေသည်။ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း မာနေအနေဖြင့် လာမည့်ရာသီ မည်သည့်အသင်းတွင် ကစားသည်ဖြစ်စေ၊ ထိပ်တန်းကစားသမားအဖြစ် ရှိနေဦးမည်ဖြစ်ကြောင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ပြောကြားထားသည်။
မာနေသည် ၂၀၁၆ ခုနှစ် နွေရာသီတွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်သို့ ရောက်ရှိလာသူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၆၉ ပွဲကစား၊ ဂိုး ၁၂၀ သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
