မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မန်ယူအသင်းအနေဖြင့် အရင်လိုအောင်မြင်မှုများ ပြန်လည်ရယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၆) သာရရှိခဲ့ပြီး လာမည့် ၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သော်လည်း စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲ ၃၀ တွင် ၁၈ ဂိုး သွင်းယူပေးခဲ့သည်။
မန်ယူအသင်းအနေဖြင့် လာမည့် ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း စီရော်နယ်လ်ဒိုက မိမိအနေဖြင့် ရာသီသစ်အတွက် စိတ်လှုပ်ရှားနေကြောင်းနှင့် မန်ယူအသင်းအနေဖြင့် အရင်လိုအောင်မြင်မှုများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုက "မန်ယူအသင်းအနေနဲ့ အရင်လိုအောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အရင်က ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ အရင်လိုအဆင့်အတန်းမျိုးကိုရောက်ဖို့ အချိန်တော့ယူရမှာပါ။ ကျွန်တော့် အနေနဲ့ အောင်မြင်မှုတွေရယူဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး အရင်လို ကြိုးစားနေတုန်းပါပဲ။ မန်ယူအသင်းနဲ့ အသင်းဖော်တွေက ကျွန်တော့်ကို ကူညီကြပြီး သူတို့ရဲ့ ကူညီ မှုတွေကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြုပါတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
