ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို မန်ယူအသင်းထံ ခေါ်ယူရန် တန်ဟက်ဂ် ဆန္ဒရှိနေ
24htopnews | October 23, 2024 9:12 AM CST
မန်ယူနည်းပြ တန်ဟက်ဂ်သည် ဘရန့်ဖို့ဒ်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို မန်ယူအသင်းထံ ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
အဲရစ်ဆင်(၃၀ နှစ်) သည် နှလုံးရောဂါကြောင့် အင်တာမီလန်အသင်း နှင့်လမ်းခွဲခဲ့ရသော်လည်း ဘရန့်ဖို့ဒ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်၌ ခြေစွမ်းပြနိုင်ခဲ့သည်။
ထို့ ကြောင့် ဘရန့်ဖို့ဒ်နှင့် (၆)လစာချုပ် သက်တမ်းကုန်ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရရှိမည့် အဲရစ်ဆင်ကို ခေါ်ယူလိုသည့်အသင်းများစွာရှိလာသည့်အနက် မန်ယူလည်း ပါဝင်လာခြင်းဖြစ်သည်။
တန်ဟက်ဂ်သည် အေဂျက်စ်ကစားသမားဟောင်း အဲရစ်ဆင်ကို ဘရန့်ဖို့ဒ်နှင့် စာချုပ်မချုပ်ဆိုမီက အေဂျက်စ်အသင်း၌ လေ့ကျင့်ခွင့် ပြုခဲ့သူလည်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
