Top News

လီဗာပူးလ်တွင် စာချုပ်ကုန်ဆုံးသည်အထိ ဆက်နေပြီးမှ ဘာစီလိုနာအသင်းထံ ဆာလာ ပြောင်းရွှေ့ဖွယ်ရှိ
24htopnews | October 23, 2024 9:12 AM CST

မာနေနှင့်အတူ လာမည့် ၂၀၂၃ ခုနှစ် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် လီဗာပူးလ်တွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်နေပြီးမှ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။

ဆာလာက လာမည့် ၂၀၂၂-၂၃ ရာသီတွင် လီဗာပူးလ်အသင်း၌ ဆက်ရှိမည်ဟု အတည်ပြုပြောကြားထားသူဖြစ်ပြီး ယခုအခါ ဘာစီလိုနာအသင်းက လီဗာပူးလ်နှင့် စာချုပ်ကုန်ဆုံးချိန်၌ ခေါ်ယူသွားမည်ဟု ကတိပေးကမ်းလှမ်းထားကြောင်း သတင်းထွက်လာခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးပြဿနာကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရရှိမည့် ကစားသမားများကို ဦးစားပေးခေါ်ယူနေသလို၊ ဆာလာကိုလည်း ကြိုတင်ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဆာလာသည် လီဗာပူးလ်အသင်းတွင် မြင့်မားသည့် လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးရန် ဆန္ဒရှိခဲ့သော်လည်း ၎င်း၏တောင်းဆိုမှုကို ကလပ်အသင်းက မလိုက်လျောသည့်အတွက် သက်တမ်းကုန်သည်အထိသာ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆာလာသည် ဇွန်(၁၅)တွင် အသက်(၃၀)ပြည့်မည် ဖြစ်၍ လာမည့်နွေရာသီ၌ အသက်(၃၁)နှစ် ရှိနေမည် ဖြစ်သည်။

 


READ NEXT
Cancel OK