PSG အသင်းမှစိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသည့် နည်းပြမော်ရင်ဟိုက လက်ရှိတာဝန်ယူထားသော ရိုးမားအသင်းနှင့် ရိုးမားအသင်းပရိသတ်များကို ချစ်မြတ်နိုးသဖြင့် အသင်းပြောင်းရွှေ့မည်မဟုတ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
မွေးရပ်မြေပေါ်တူဂီနိုင်ငံသို့ ရောက်ရှိနေသည့် မော်ရင်ဟိုသည် လစ္စဘွန်းတက္ကသိုလ်မှ ကျောင်းသားများနှင့် ဆုံတွေ့ချိန်တွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက ''ရိုးမားကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ တကယ်ဆိုရင် ရှုံးပွဲတွေကို ကျွန်တော် မုန်းတီးပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မကြုံဖူးတဲ့ ရှုံးပွဲတွေ ရိုးမားမှာ ရင်ဆိုင်ရပေမဲ့ ဒီကလူတွေက ကျွန်တော့်ကို ချစ်တယ်။ အဲဒီအတွက် ကျွန်တော် သိပ်ပြီးကြည်နူးရပါတယ်။ ရိုးမားနဲ့ ရောမမှာ ရှိနေတဲ့လူတွေအားလုံးက နှစ်လိုဖွယ်ရာကောင်းပါတယ်။ ဘယ်သူကမှ ကျွန်တော့်ကို မုသားမပြောပါဘူး။ မဖြစ်နိုင်တဲ့ကတိတွေလည်း မပေးပါဘူး။ ဒါကြောင့်လည်း သူတို့ကို ကျွန်တော် ချစ်ရတာပါ'' ဟုု ပြောကြားခဲ့သည်။
ထို့ပြင် မော်ရင်ဟိုက ပြီးခဲ့သည့်ရာသီတွင် ရိုးမားနှင့်အတူ ကွန်းဖရန့်လိဂ်အောင်ပွဲ ပိုင်ဆိုင်ခဲ့ခြင်းသည် ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ရသလိုဖြစ်ကြောင်း၊ မိမိ၏နည်းပြဘဝတွင် တစ်ကြိမ်မှ မဖြစ်ပေါ်ဖူးသည့် ခံစားချက်မျိုးလည်းခံစားရကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
