မန်ယူအသင်း၏ နည်းပြသစ် တန်ဟက်ဂ်သည် ကစားသမားများ၏ဆန္ဒမဲဖြင့် အသင်းခေါင်းဆောင် ပြန်လည်ရွေးချယ်ရန် စီစဉ်နေပြီး ဂိုးသမား ဒီဟေးယားက အသင်းခေါင်းဆောင်သစ်ဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
မန်ယူအသင်း၏ လက်ရှိအသင်းခေါင်းဆောင်မှာ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားဖြစ်ပြီး နည်းပြ ဆိုးလ်ရှားလက်ထက် ၂၀၂၀ ဇန်နဝါရီလတွင် အသင်းခေါင်းဆောင်အဖြစ် စတင်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
သို့သော် မက်ဂွိုင်းရားသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းကျဆင်းပြီး အမှားအယွင်းများခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို၊ အသင်းခေါင်းဆောင်ရာထူးနှင့် ထိုက်တန်သလားဟူသည့် မေးခွန်းထုတ်မှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။
၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းကြောင့်လည်း မက်ဂွိုင်းရားအနေဖြင့် ဖိအားပိုများခဲ့ပြီး ယာယီနည်းပြ ရန်းနစ်က စီရော်နယ်လ်ဒိုထံ အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းပေးရန် ဆန္ဒရှိခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။
ယခုအခါ နည်းပြသစ် တန်ဟက်ဂ်က ယင်းပြ ဿနာကို စတင်ဖြေရှင်းရန် စီစဉ်နေခြင်းဖြစ်ပြီး ကိုယ်တိုင်ရွေးချယ်ခြင်းထက် ကစားသမားအချင်းချင်း၏ ဆန္ဒမဲဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။
ယင်းအတွက် လက်ရှိကစားသမားများထဲတွင် စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သလို၊ အသင်းတွင် သက်တမ်း(၁၁)နှစ်ရှိပြီဖြစ်သည့် ဒီဟေးယားက ရေပန်းအစားဆုံးဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းမှ ကစားသမားအချို့သည် အသင်းသို့ ရောက်ရှိသည်မှာ မကြာမြင့်သေးသည့် မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့စဉ်ကပင် မကျေမနပ်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
စီရော်နယ်လ်ဒိုသည် အသင်းဖော်များအပေါ် လွှမ်းမိုးမှုရှိသည့် ကစားသမားဖြစ်သော်လည်း ပုံမှန်ပွဲကစားခွင့်ရရန် မသေချာသည့်အတွက် ဒီဟေးယားက ရေပန်းအစားဆုံးဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ The Sun က အွန်လိုင်းမှတစ်ဆင့် ပရိသတ်များထံ ဆန္ဒမဲကောက်ခံခဲ့ရာ ဒီဟေးယားက မဲအများဆုံးရရှိနေပြီး စီရော်နယ်လ်ဒိုက ဒုတိယမဲအများဆုံးရရှိခဲ့သည်။
မက်ဂွိုင်းရားထက် အခြားကစားသမားတစ်ဦးဦး ဖြစ်သင့်ကြောင်း မဲပေးမှုက တတိယအများဆုံးဖြစ်ခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
