မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အောက်တိုဘာ (၂၂)ရက် ညပိုင်းနှင့် အောက်တိုဘာ (၂၃)ရက် နံနက်ပိုင်းတို့တွင် မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ချမ်းအေးသာစံမြို့နယ် (၆၈)လမ်း၊ (၃၃)လမ်းနှင့် (၃၄)လမ်းကြားတွင် ယနေ့ အောက်တိုဘာ (၂၃)ရက် နံနက် (၇)နာရီခွဲအချိန်ခန့်က လူနေတိုက်ခန်း အရုပ်ရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်မြေခံ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီ (၄၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ (၂၂)ရက်၊ ည (၁၁)နာရီ (၃၁)မိနစ်အချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၃ ဘီ၊ (၁၀၅)လမ်းနှင့် (၁၀၆) လမ်းကြားရှိ လူနေတိုက်ခန်း တစ်ခုတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ချမ်းအေးသာစည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အောင်ပင်လယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပင်လယ်တပ်စု ၁၊၂ စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ည (၁၁)နာရီ (၅၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်မှု နှစ်ခုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
