Top News

မုံရွာမြို့တွင် သန်းခေါင်စာရင်း ကောက်ယူမှု ၉၃.၂၄ ရာခိုင်နှုန်း ပြီးစီး
24htopnews | October 23, 2024 12:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၂၁) ရက်အထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ၉၃.၂၄ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

မုံရွာမြို့နယ်တွင် ကောက်ကွက်ပေါင်း (၄၂၆)ကွက်ရှိသည့်အနက် ကျန်ရှိသည့်ရပ်ကွက်များအလိုက် သန်းခေါင်စာရင်း ဆက်လက်ကောက်ယူသွားမည်ဟု သိရသည်။

အောက်တိုဘာ (၂၂) ရက်က မုံရွာမြို့ ၊ရွှေပြည်အေးရပ်ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် အဖွဲ့ (၃၁) ဖွဲ့ စုစုပေါင်း (၁၇၅) ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်ဖြင့်ကောက်ယူခဲ့ကြောင်း သိရသည်။

စာရင်းစစ်၊ စာရင်းကောက်များ၏ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူနေမှုတို့အား မုံရွာခရိုင်နှင့် မြို့နယ်သန်းခေါင် စာရင်းကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါကြီးကြပ်ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


READ NEXT
Cancel OK