Top News

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးအား ခေါ်ယူရန် မန်ယူအသင်း စောင့်ကြည့်နေ
24htopnews | October 23, 2024 1:12 PM CST

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးအား ခေါ်ယူရန်စောင့်ကြည့်နေကြောင်း ဂျာမန်အားကစားမဂ္ဂဇင်း Kicker က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးအား ခေါ်ယူရန်စောင့်ကြည့်နေကြောင်း ဂျာမန်အားကစားမဂ္ဂဇင်း Kicker က ဖော်ပြခဲ့သည်။ 

အသက် (၃၀) နှစ်အရွယ်ရှိ ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် အလိုရှိနေသည်။

သို့သော် လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်မသေချာကြောင်း Kicker က ဖော်ပြခဲ့သည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းတွင် တိုက်စစ်မှူး လီဝန်ဒေါစကီး၏အခြေအနေကို ဥရောပထိပ်တန်းကလပ်အသင်းများက စောင့်ကြည့်နေကြပြီး ၎င်းကိုခေါ်ယူရန် မန်ယူအသင်းအပြင် PSG အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၆) သာ ရရှိခဲ့သည့်အတွက် အသင်းကို အင်အားဖြည့်တင်းရန် ပြင်ဆင်လျက်ရှိပြီး ဂိုးသွင်းအားနည်းခဲ့သည့် တိုက်စစ်ပိုင်းအတွက် လီဝန်ဒေါစကီးကို ခေါ်ယူရန် မျက်စီကျနေခြင်းဖြစ်သည်။

လီဝန်ဒေါစကီးသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲတွင် (၃၈) ဂိုးအထိ သွင်းယူနိုင်ထားသလို၊ နောက်ဆုံးရာသီ (၅) ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ(၂၄၀) တွင် (၁၈၉) ဂိုးအထိ သွင်းယူထားသူဖြစ်သည်။


READ NEXT
Cancel OK