ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလား၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူ ဂတ်စတာဗိုက ဒီဘားလားအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလား၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူ ဂတ်စတာဗိုက ဒီဘားလားအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဒီးဘားလားသည် ယခုရာသီတွင် စီရော်နယ်လ်ဒိုရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ်အသင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပုံမှန်နေရာရရန်ပင် ရုန်းကန်ခဲ့ရသည်။
ထို့ကြောင့် ဒီဘားလားအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြပြီး ၎င်းကိုခေါ်ယူရန် အက်သလက်တီကိုမက်ဒရစ်နှင့် မန်ယူအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။
ဒီဘားလား၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူ ဂတ်စတာဗိုက ဒီဘားလားအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး အပြောင်းအလဲလုပ်ရန် လိုအပ်နေကြောင်း အာဂျင်တီးနားရေဒီယို Futbolemico နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
ဂတ်စတာဗိုက "ဒီဘားလားအနေနဲ့ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်နေတာပါ။ ဒီဘားလား ဘယ်သွားမယ်ဆိုတာကိုတော့ ကျွန်တော်ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုက်သင့်တဲ့ကမ်းလှမ်းမှုတွေ ရှိလာရင် ဒီဘားလား အသင်းပြောင်းပါလိမ့်မယ်။ ဂျူဗင်တပ်စ်အသင်းမှာ ဒီဘားလား မပျော်မရွှင်ဖြစ်နေပါတယ်"ဟု ပြောကြားခဲ့သည်။
ဒီဘားလားသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) တွင် (၁၀) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
