ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လာမည့်ရာသီတွင် အသင်းမှ ကစားသမားအများအပြားကို ရှင်းထုတ်တော့မည်ဖြစ်ပြီး အသင်းမှထွက်ခွာရမည့် ကစားသမားအရေအတွက်မှာ (၁၄)ဦးအထိရှိနေသည်ဟု သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လာမည့်ရာသီတွင် အသင်းမှ ကစားသမားအများအပြားကို ရှင်းထုတ်တော့မည်ဖြစ်ပြီး အသင်းမှထွက်ခွာရမည့် ကစားသမားအရေအတွက်မှာ (၁၄)ဦးအထိရှိနေသည်ဟု သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါအောင်မြင်မှုကို မော်ရင်ဟိုနှင့်အတူ ၂၀၁၁-၁၂ ရာသီက နောက်ဆုံးရရှိခဲ့ပြီးနောက်ပိုင်းတွင် နောက်ဆုံး (၇)ရာသီအတွင်း တစ်ကြိမ်သာရရှိခဲ့သည့်အပြင် ယခုရာသီတွင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရှုံးထွက်အဆင့်မှ အရှက်တကွဲထွက်ခွာခဲ့ရသည်။
ယင်းအတွက်ကြောင့် နည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် အောင်မြင်မှုများပြန်လည်ရရှိအောင် တည်ဆောက်သွားမည်ဖြစ်ပြီး အသင်းကို အကြီးစားပြောင်းလဲမှုများပြုလုပ်ရန် ဇီဒန်းက စီစဉ်နေပြီဟုလည်း စပိန်မီဒီ ယာများက ဖော်ပြခဲ့သည်။
ဇီဒန်းသည် လက်ရှိအချိန်တွင် ထိပ်တန်းကစားသမားများထဲမှ ဟာဇက်၊ ပေါ့ဘာ၊ ယိုဗစ်၊ အဲရစ်ဆင်တို့အပါအဝင် နာမည်ကျော်ကစားသမားများကို ပစ်မှတ်ထားနေပြီး၊ အသင်းမှ ကစားသမား(၁၄)ဦးကိုလည်း ရောင်းထုတ်ရန် စီစဉ်နေသည်။ ယင်းကစားသမားများထဲတွင် ဘေးလ်၊ ကိုဗာချစ်၊ နာဗတ်စ်တို့လည်း ပါဝင်နေသည်ဟု သိရှိရသည်။
■ ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာဖွယ်ရှိသူများ
ဂိုး - ကေလာနာဗတ်စ်
နောက် - ဗယ်လေဟို၊ ရယ်ဂီလွန်၊ သီယိုဟာနန်ဒက်ဇ်
လယ် - စီဘယ်ယို့စ်၊ အိုဒီဂါ၊ လော်ရန်တေး၊ ကိုဗာချစ်၊ ဟာမီးစ်၊ အော်စကာရိုဒရီဂွက်ဇ်
ရှေ့ - ဂါရတ်ဘေးလ်၊ ဗက်ဇ်ကေး၊ ဘရာဟင်မ်ဒီယက်ဇ်၊ မာရီယာနို
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
