Top News

ချယ်လ်ဆီးအသင်းကွင်းလယ်လူ လော့ဖ်တပ်ချိခ် ခြေဖနောင့်အရွတ်ဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်
24htopnews | October 23, 2024 1:12 PM CST

ချယ်လ်ဆီးအသင်းကွင်းလယ်လူ လော့ဖ်တပ်ချိခ်၏ ခြေဖနောင့်အရွတ်ဒဏ်ရာကို မေ ၁၆ ရက်က ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး အောင်မြင်မှုရခဲ့ကြောင်း ချယ်လ်ဆီးအသင်းက အတည်ပြုကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းက မေလ(၁၇)ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ရူဘင်(လော့ဖ်တပ်ချိခ်)၏ညာဘက်ခြေဖနောင့်အရွတ်ဒဏ်ရာကို ပြီးခဲ့သည့်ခွဲစိတ်မှု ပြုလုပ်ရာတွင် အောင်မြင်ခဲ့ပြီး ယူရိုလိဂ်ဗိုလ်လုပွဲနှင့် Nations League Finals ပွဲစဉ်များကို

လွဲချော်မည်ဖြစ်ကြောင်း၊ နွေရာသီကာလအတွင်း ပြန်လည်ထူထောင်ရေးများ ပြုလုပ်သွားမည်ဖြစ်ကာ လေ့ကျင့်ရေးသို့ အမြန်ဆုံးပြန်လာမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

Goal.com ၏ သတင်းတွင်မူ လော့ဖ်တပ်ချိခ်မှာ ယင်းဒဏ်ရာကြောင့် (၅)လမှ (၉)လအကြား အနားယူရဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။

လော့ဖ်တပ်ချိခ်က '' အခုချိန်မှာ ကျွန်တော် ဘယ်လိုခံစားနေတယ်ဆိုတာ ဖော်ပြဖို့ခက်ပါတယ်။ ဝမ်းနည်းတာထက် ရှုပ်ထွေးနေတာပါ။ မနေ့က ကျွန်တော့်ခွဲစိတ်မှုက အောင်မြင်ခဲ့လို့ အစတော့ ကောင်းခဲ့ပါပြီ။ ကျွန်တော် ပွဲအနည်းငယ်ကိုတော့ စောင့်ကြည့်ရင်း အားပေးရဖို့ပဲရှိပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ Nations League ပြိုင်ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ ဒဏ်ရာကနေ ကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာတာဟာ ကျွန်တော့်ဘဝမှာ ရှိခဲ့ဖူးတဲ့အရာတွေပါ။ အခု နောက်တစ်ကြိမ် ကြိုးစားရဦးမယ်''ဟု ချယ်လ်ဆီးဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ထို့ပြင်​ ၎င်းက ဆုတောင်းမေတ္တာပို့သသူအားလုံးကို Twitter တွင် ကျေးဇူးတင်စကားဆိုခဲ့သည်။    

လော့ဖ်တပ်ချိခ်သည် မေဂျာလိဂ်ကလပ် နယူးအင်္ဂလန်အသင်းအား သုံးဂိုးပြတ်အနိုင်ရ သည့် ခြေစမ်းပွဲတွင် ဒုတိယပိုင်းမှသာ လူစား ဝင်ရောက်ကစားခဲ့သော်လည်း ဝဲဘက်ခြေ ဖနောင့်ဒဏ်ရာရရှိခဲ့သောကြောင့် ၆၈ မိနစ် မှာပင် လူစားလဲခဲ့ရသည်။ 

လော့ဖ်တပ်ချိခ် (၂၃ နှစ်) သည် ယခုရာသီ အစောပိုင်းကာလများတွင် အရန်အဖြစ်သာကစားခဲ့ရသော်လည်း ဧပြီမှစ၍ ပွဲထွက်ကစားခွင့်ရကာ ခြေစွမ်းပြနေသူဖြစ်သည်။ 

၎င်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ခြောက်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပေးထားပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း လေးဂိုးသွင်းယူထားသူ ဖြစ်သည်။

၎င်း၏ဒဏ်ရာသတင်းမှာ ဒဏ်ရာရ ကစားသမားများနေသည့် ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေပြီး ဟတ်ဆန်အိုဒွိုင်း (ခြေဖနောင့်အရွတ်) နှင့် ရူဒီဂါ (ဒူး) မှာလည်း ရာသီကုန်အထိ အနားယူရမည်ဖြစ်သည်။ 

ထို့ပြင် ကွန်တေမှာလည်း တံကောက် ကြောဒဏ်ရာရရှိထားပြီး ဗိုလ်လုပွဲအမီ ကြံ့ ခိုင်မှုပြည့်ဝရန် စောင့်ကြည့်နေရဆဲဖြစ်သည်။


READ NEXT
Cancel OK