မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက FA ဖလားဗိုလ်လုပွဲအတွက် ယုံကြည်မှု အပြည့်ရှိသော်လည်း ဗိုလ်လုပွဲတွင် ဘာမဆို ဖြစ်နိုင်ခြေရှိကြောင်း ကစားသမားများအား သတိပေးပြောကြားသည်။
မန်စီးတီးအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့၏ FA ဖလားဗိုလ်လုပွဲကို မေ ၁၇ ရက် (ယနေ့) ညပိုင်းတွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပမည်ဖြစ်ရာ ဂွါဒီယိုလာက ယင်းကဲ့သို့ သုံးသပ်ပြောကြားခြင်းဖြစ်သည်။
''ထိပ်ဆုံးခြောက်သင်းပြီးရင် ဝက်ဖို့ဒ်နဲ့ ဝုလ်ဗ်က အကောင်းဆုံးအသင်းတွေပါပဲ။ သူတို့က တည်ငြိမ်မှုရှိတဲ့အသင်းတွေပါ။ ဝက်ဖို့ဒ်အသင်းမန်နေဂျာ ဟာဗီဂရာစီယာက တခြားနိုင်ငံတွေမှာလည်း အလုပ်လုပ်ခဲ့ဖူးလို့ အတွေ့ အကြုံရင့်ကျက်တဲ့သူတစ်ယောက်ပါ။ သူက တကယ်တော်တဲ့သူဖြစ်ပြီး ဘယ်လိုအခြေအနေမှာ ဘာလုပ်ရမလဲဆိုတာ အတိအကျသိတဲ့သူတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့အသင်းရဲ့ တိုက်စစ်မှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိပြီး ကြံ့ခိုင်မှုကောင်းတဲ့သူတွေများသလို တည်ကန်ဘောတွေလည်း ကောင်းပါတယ်။ ဒါက ဗိုလ်လုပွဲဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသလို သူတို့ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ အဖြေရှာသွားမှာပါ။ ဒါက ဖလားပြိုင်ပွဲ ဗိုလ်လုပွဲဖြစ်လို့ အနီကတ်ပြခံရတာမျိုးတွေလည်း ကြုံရနိုင်တယ်။ သူတို့က ဗိုလ်လုပွဲအတွက် ကောင်းကောင်းပြင်ဆင်လာမှာဖြစ်ပြီး ကျွန်တော်တို့မထင်ထားတဲ့ ဗျူဟာတွေလည်း သုံး လာနိုင်တယ်။ ဒါက တစ်ပွဲတည်းကစားရတာဖြစ်လို့ ဘာမဆိုဖြစ်နိုင်ခြေရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ပိုကောင်းတဲ့အသင်းက အနိုင်ရတာပါပဲ။ ဒါပေမဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း ကွဲပြားခြားနားတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်။ ပရီးမီး ယားလိဂ်ပြိုင်ပွဲက တစ်ရာသီလုံးယှဉ်ပြိုင်ရတာဖြစ်လို့ အခွင့်အရေးနောက်တစ်ကြိမ်ရှိပေမဲ့ ဖလားလုပွဲတွေကတော့ လုံးဝကွဲပြားခြားနားပါတယ်''ဟု ၎င်းက ပြောကြားသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားနှင့် လိဂ်ဖလားချန်ပီယံ ဆုရရှိထားပြီးဖြစ်ရာ FA ဖလားပြိုင်ပွဲ၌ ထပ်မံ အနိုင်ရပါက ပြည်တွင်းဖလားသုံးခုစလုံးရယူ နိုင်သည့် ပထမဆုံးကလပ်အဖြစ် စံချိန်သစ် ရေးထိုးနိုင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
