Top News

ဘွန်ဒစ်လီဂါပွဲစဉ်(၃၄) ပွဲကြိုသုံးသပ်ချက်
24htopnews | October 23, 2024 1:12 PM CST

ဘိုင်ယန်မြူးနစ် နှင့် ဖရန့်ဖတ် (စနေည ၈းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်က ဒီပွဲကို သရေကစားနိုင်ရုံလောက်နဲ့ ချန်ပီယံဖြစ်မယ့်အခွင့်အရေးရှိနေတယ်။ ပြိုင်ဘက် ဒေါ့မွန်ကို ဂိုးကွာခြားချက်မှာ အပြတ်အသတ်ဖြတ်ထားတာက အခုလိုတစ်ပန်းသာစေတာဖြစ်တယ်။ အိမ်ကွင်းမှာ ချန်ပီယံအောင်ပွဲနဲ့အတူ ဂိုးပြတ်အနိုင်ကစားမလားဆိုတာကတော့ စဉ်းစားစရာပါ။ ပရိသတ်တွန်းအားရှိပေမယ့် လက်ရှိဘိုင်ယန်အသင်းကစားပုံက လုပ်တိုင်းဖြစ်တဲ့အခြေအနေမှာ ရှိမနေပါဘူး။ ဖရန့်ဖတ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတော်လေးနီးစပ်နေရာကနေ မိန့်ဇ်ကို အိမ်ကွင်းမှာ မမျှော်လင့်တဲ့အရှုံးကြောင့် အထိနာခဲ့ရတယ်။ အခုချိန်မှာတော့ ကိုယ့်အထက်က မိုချန်ဂလာဘတ်၊ လေဗာကူဆင်တို့ရဲ့အမှားကိုပဲ စောင့်စားရတော့မယ့်အနေအထား ရောက်ခဲ့ရတယ်။ ဒါပေမဲ့ ဖရန့်ဖတ်က နောက်ဆုံးအချိန်အထိရုန်းကန်မယ့် စိတ်ဓာတ်အင်အားမျိုးတော့ရှိပါတယ်။ ဘိုင်ယန် (၃)ဂိုးပြတ်ဖို့မလွယ်လို့ ဖရန့်ဖတ်နဲ့ပဲ စွန့်စားချင်တယ်။

ရှော်လ်ကေး နှင့် စတုဂတ် (စနေည ၈းဝ၀ နာရီ)

စတုဂတ်အသင်း လာမယ့်ကြားရက်မှာကစားမယ့် ဘွန်ဒစ်လီဂါရှင်သန်ခွင့် ဏူပေ-သ််  ပွဲက ပိုအရေးကြီးနေလို့ အခုပွဲမှာ အမာခံကစားသမားတချို့ အနားပေးနိုင်ပါတယ်။ အိမ်ကွင်းမှာတော့ ရှော်လ်ကေးအသင်း အနိုင်ကစားမှာ သေချာပါတယ်။

မိုချန်ဂလာဘတ် နှင့် ဒေါ့မွန် (စနေည ၈းဝ၀ နာရီ)

ပြိုင်ဘက်အသင်းတွေရဲ့မမျှော်လင့်တဲ့ ခြေချော်မှုက မိုချန်ဂလာဘတ်အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပြန်နီး စပ်လာတယ်။ ဒါပေမဲ့ နောက်ဆုံးပိတ်မှာဆုံတွေ့ရမှာက ချန်ပီ ယံမျှော်လင့်ချက် ရှိနေသေးတဲ့ ဒေါ့မွန်နဲ့ဖြစ်နေလို့ လွယ်တော့ မလွယ်လောက်ဘူး။ ဒေါ့မွန်ကလည်း အခွင့်အရေးရှိဆဲဆိုပေ မယ့် ဖြစ်နိုင်ခြေတော့ ရာခိုင်နှုန်းနည်းပါးလွန်းတယ်။ ဒေါ့မွန်နဲ့ နောက်ဆုံးတွေ့ဆုံမှု(၇)ပွဲဆက် အရေးနိမ့်ထားတဲ့ မိုချန် အခုပွဲ မှာ အမှတ်ပြန်ရနိုင်တယ်။

ဟာသာဘာလင် နှင့် လေဗာကူဆင် (စနေည ၈းဝ၀ နာရီ)

ဟာသာဘာလင်က အမှတ်မလိုတော့တဲ့အသင်းပါ။ ဒါပေမဲ့ ဘွန်ဒစ်လီဂါလိုပြိုင်ပွဲမှာ ဒီလိုအသင်းမျိုးက မှန်းဆရခက်တယ်ဆိုတာ ဟာသာဘာလင်ရဲ့နောက်ပိုင်းရလဒ်တွေက သက်သေထူနေပါတယ်။ လေဗာကူဆင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မိုချန်ဂလာဘတ် ပွဲကျပ်နေမှုကို အမိအရ အသုံးချဖို့ လိုပါတယ်။ ဘာလင်ကွင်းဖြစ်လို့ အိမ်ရှင် ဂိုးပြတ်တော့ မရှုံးနိုင်လောက်ဘူး။

၀ါဒါဘရီမင် နှင့် လိုက်ပ်ဇစ် (စနေည ၈းဝ၀ နာရီ)

၀ါဒါဘရီမင်အသင်း ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသေးပေမယ့် ဇယားအထက်က ဝုလ်ဖ်ဘတ်၊ ဟော်ဖန်ဟင်မ် အသင်းတို့ ခြေချော်မှဖြစ်မှာမို့ အလားအလာတော့ အတော်နည်းနေတယ်။ လိုက်ပ်ဇစ်က အမှတ်မလိုတော့ပေမယ့် ဘိုင်ယန်ရဲ့ချန်ပီယံခရီးကို နှောင့်နှေးစေခဲ့တဲ့အသင်းဖြစ်ပြီး အခုပွဲမှာတော့ အမာခံတချို့ကို အနားပေးလာနိုင်တယ်။ ၀ါဒါဘရီမင်ဘက်ကပဲ ရပ်တည်သင့်တယ်။

ဖရိုင်းဘတ် နှင့် နုရင်ဘတ် (စနေည ၈းဝ၀ နာရီ)

ဖရိုင်းဘတ်အသင်း ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပျောက်နေတာ (၈)ပွဲဆက် ရှိနေပါပြီ။ ဒါပေမဲ့ အိမ်ကွင်းကစားရမယ့်ပွဲမှာ အသင်းပရိသတ်ကို နိုင်ပွဲနဲ့နှုတ်ဆက်နိုင်ဖို့ ကြိုးစားကစားလိမ့်မယ်။ ဖရိုင်းဘတ်ကိုပဲ ရွေးချယ်ချင်တယ်။

မိန့်ဇ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)

မိန့်ဇ်အသင်း အမှတ်မလိုအပ်တော့ပေမယ့် ရာသီအဆုံးသတ်ပွဲတွေမှာ အားထုတ်မှုက အတော်ကောင်းပါတယ်။ အိမ်ကွင်းရလဒ်ပိုင်းလည်း မဆိုးလို့ အခုပွဲမှာ အသင်းပရိသတ်တွေ ကျေနပ်အောင် ကစားသွားဖို့ရှိနေတယ်။ ဟော်ဖန်ဟင်မ်အသင်းကတော့ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေပေမယ့် နောက်ပိုင်းပွဲတွေကစားပုံအရတော့ မဖြစ်နိုင်လောက်တော့ဘူး။ ဟော်ဖန်ဟင်မ်နိုင်ရင်တောင် ဂိုးမပြတ်နိုင်လို့ မိန့်ဇ်ကို ကြိုက်တယ်။

ဝုလ်ဖ်ဘတ် နှင့် အော့စ်ဘတ် (စနေည ၈းဝ၀ နာရီ)

ဝုလ်ဖ်ဘတ်အနေနဲ့ ဥရောပဝင်ခွင့်အတွက် နောက်ကအသင်းတွေ ကျော်တက်မခံရဖို့ အခုလိုပွဲမျိုးကို အနိုင်ကစားထားဖို့ လိုအပ်နေသေးတယ်။ အော့စ်ဘတ်ကတော့ တန်းဆင်းဇုန်က လွတ်ပြီးသားအသင်းဖြစ်ပြီး ပုံမှန်အားဖြင့်လည်း အဝေးကွင်းတွေမှာဆို အားထုတ်မှုလျော့နည်းတတ်တဲ့အသင်းပါ။ ဝုလ်ဖ်ဘတ် ဂိုးပြတ်သွင်း၊ မသွင်း စဉ်းစားရဖို့ရှိပြီး အိမ်ရှင်ကိုပဲ ရွေးချယ်ချင်တယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် ဟန်နိုဗာ (စနေည ၈းဝ၀ နာရီ)

ဒေါ့မွန်နဲ့ပွဲမှာ အမှတ်မလိုတော့တဲ့ ဒစ်ဆယ်ဒေါ့ဖ်အသင်းရဲ့အားထုတ်မှုက အံ့အားသင့်စရာကောင်းပါတယ်။ ဟန်နိုဗာက တန်းဆင်းသွားခဲ့ရလို့ ဒီပွဲကို အာရုံစိုက်ကစားဖို့ မရှိလောက်ဘူး။ ဒစ်ဆယ်ဒေါ့ဖ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။


READ NEXT
Cancel OK