မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်က ကွင်းတွင်းအောင်မြင်မှုများ ပြန်လည်ရယူနိုင်ရန်အတွက် နည်းပြ ဆိုးလ်ရှားကို ငွေကြေးထောက်ပံ့မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
မန်ယူအသင်းသည် ဆိုးလ်ရှားအား ယာယီနည်းပြအဖြစ် စတင်ခန့်အပ်ပြီးနောက် ပြိုင်ပွဲစုံ ၁၉ ပွဲယှဉ်ပြိုင်ကစားရာ ၁၄ ပွဲအထိ အနိုင်ရပြီး နှစ်ပွဲသရေကျကာ သုံးပွဲသာ ရှုံးနိမ့်ခဲ့သည်။
ဆိုးလ်ရှားသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် PSG အသင်းကို အံ့အားသင့်ဖွယ်ကျော်ဖြတ်၍ ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သောကြောင့် မတ်လမကုန် မီ သုံးနှစ်စာချုပ်ဖြင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။
သို့သော် မန်ယူအသင်းသည် ယင်းကာလနောက်ပိုင်းတွင် ရလဒ်ပိုင်း ဆက်တိုက်ကျဆင်းလာပြီး ရာသီမကုန်မီ နောက်ဆုံး ၁၂ ပွဲတွင် နှစ်ပွဲသာအနိုင်ရကာ နှစ်ပွဲသရေ၊ ရှစ်ပွဲအထိ ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံ မန်စီးတီးအသင်းနှင့် ၃၂ မှတ်အကွာ အဆင့် (၆) နေရာသာရရှိပြီး ယူရိုပါဝင်လိဂ်ဝင်ခွင့်ဖြင့် ကျေနပ်ခဲ့ရသည်။
ထို့ကြောင့် အသင်းတာဝန်ရှိသူများအနေဖြင့် ဆိုးလ်ရှား ၏ ဦးဆောင်နိုင်မှု အရည်အသွေးကို သံသယရှိနေကြောင်း မီဒီယာအချို့က သုံးသပ်ဖော်ပြလျက်ရှိသော်လည်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က ၎င်းဘက်မှ ထောက်ခံအားပေး၍ ငွေကြေးထောက်ပံ့မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြား ခြင်းဖြစ်သည်။
မေ ၁၆ ရက်ကပြုလုပ်သည့် တတိယသုံးလပတ် ဘဏ္ဍာရေးရှင်းလင်းပွဲအခမ်းအနားတွင် အက်ဒ်ဝုဒ်ဝက်ဒ်က ''ပြီးခဲ့တဲ့ရက် သတ္တပတ်တွေမှာ စိတ်ပျက်စရာရလဒ်တွေ ကြုံခဲ့ရပေမဲ့ အိုလေး (ဆိုးလ်ရှား) ကို ကျွန်တော်တို့အသင်းရဲ့ မန်နေဂျာအဖြစ် ခန့်အပ် နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ သူအပါအဝင် နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ မိုက်ဖီလန်၊ မိုက်ကယ်ကာရစ်၊ ကီရန်မက်ကင်နာနဲ့ မာ့ခ် ဒမ်ဆေးတို့အားလုံး အသင်းမှာပဲဆက်ရှိနေမှာပါ။ ဒီရာသီက ကျွန်တော်တို့မျှော်လင့်ထားသလို အဆုံးမသတ်နိုင်ခဲ့ဘူးဆိုတာ သေချာ ပါတယ်။ အဆင့် (၆) နေရာပဲ ရပ်တည်နိုင်ခဲ့သလို မန်နေဂျာအပြောင်းအလဲကြောင့် အခက်အခဲတွေကြုံခဲ့ရပါတယ်။ အိုလေးနဲ့ ကစားသမားတွေက ဒီဇင်ဘာလလယ်ကစပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပြန်ပြီး ကြိုးစားခဲ့ကြပေမဲ့ အဆုံးသတ်ချိန်မှာတော့ လွဲချော်သွားခဲ့ရပါတယ်။ ဘုတ်အဖွဲ့ဝင်တွေ၊ မန်နေဂျာ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် အသင်းမှာရှိသူအားလုံးက ယူ နိုက်တက်အသင်း အင်္ဂလန်ဘောလုံးလောကရဲ့ ထိပ်တန်းနေရာ ပြန်ရောက်လာစေဖို့ ပြင်း ပြတဲ့ဆန္ဒရှိနေကြပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးအင်အားကလည်း ခိုင်မာမှုရှိတာ ကြောင့် ကွင်းတွင်းအောင်မြင်မှု ပြန်ပြီးရရှိစေဖို့ မန်နေဂျာအတွက် ငွေကြေးထောက်ပံ့မှုတွေ ဆက်ပြီးလုပ်ပေးသွားမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ နံပါတ်တစ်ဦးစားပေး ရည်မှန်းချက်အဖြစ် ရှိနေဆဲပါပဲ''ဟု ပြောကြားသည်။
ဆိုးလ်ရှားသည် နွေရာသီကာလတွင် လူစာရင်းအား ပြောင်းလဲမှုများစွာပြုလုပ်မည် ဖြစ်ပြီး စာချုပ်ကုန်ဆုံးသွားပြီဖြစ်သည့် ဟာရဲ ရား၊ ဗလင်စီယာတို့နှင့် လမ်းခွဲမည်ဖြစ်သလို ပေါ့ဘာ၊ လူကာကူ၊ ဆန်းချက်ဇ်၊ ဒီဟေးယား၊ မာတာ စသည့် အဓိက ကစားသမားများ၏ အနာဂတ်မှာလည်း မရေမရာဖြစ်နေကြောင်း သိရသည်။
ထို့ပြင် မန်ယူအသင်းသည် ဆန်ချို (ဒေါ့မွန်)၊ မက်ဂွိုင်းရား (လက်စတာ)၊ ယာအိုဖိလစ် (ဘင်ဖီယာ)၊ ဘရူနိုဖာနန်ဒက်စ် (စပို့တင်းလစ္စဘွန်း)၊ ဂေးယီ (အဲဗာတန်) နှင့် ဒန်နီ ယဲလ်ဂျိမ်းစ် (ဆွမ်ဆီး) တို့ကိုခေါ်ယူရန် ပစ် မှတ်ထားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
