ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲတွင် ဖြေဆိုသူ ၄၈၀၀၀ အနက် ၅၅၄၀ ဦးသာ အောင်မြင်ပြီး အမှတ်ပြည့် ၁၀၀ ၌ ၉၇ ဒသမ ၅ မှတ်ဖြင့် စံချိန်တင်အောင်မှတ်ဖြတ်ခဲ့ကြောင်း စာမေးပွဲဖြေဆိုခဲ့သူများထံမှ သိရသည်။
ထိုကဲ့သို့ စံချိန်တင်ပြီး မြင့်မားသည့် အမှတ်ဖြင့် အောင်မှတ်ဖြတ်ခဲ့ခြင်းအတွက် စာမေးပွဲဆိုခဲ့သူများမှာ မယုံနိုင်ဖွယ်ဖြစ်ခဲ့ကြောင်း သိရသည်။
"ဒီနှစ်က အောင်မှတ်ဖြတ်တာကြီးက အရမ်းကြမ်းတယ်ဗျာ။ အပုဒ် ၄၀၊ အမှတ် ၄၀ ကို ၂ ဒသမ ၅ မှတ်နဲ့ မြှောက်တာဗျာ။ အဲတော့ အမှတ် ၁၀၀ ပေါ့။ အဲဒီအမှတ် ၁၀၀ မှာမှ ၉၇ ဒသမ ၅ မှတ်နဲ့ အောင်မှတ်ဖြတ်သွားတာဆိုတော့ အတော်ကြမ်းတယ်ပြောရမယ်။ ဖြေတဲ့သူတွေလည်း အရမ်းများတော့ စာရတဲ့သူတွေများသွားတာလည်း ပါမှာပေါ့" ဟု ကုန်ထုတ်လုပ်ငန်းဖြေဆိုခဲ့သူတစ်ဦးက ပြောကြားသည်။
ဆက်လက်ပြီး သာကေတမြို့နယ်တွင် နေထိုင်သည့် ဖြေဆိုသူတစ်ဦးက နှစ်နှစ်ကျော်လောက် ကြိုးစားခဲ့သော်လည်း ၉၂ ဒသမ ၅ မှတ်ဖြင့် ကျခဲ့သည့်အတွက် စိတ်မကောင်းများစွာဖြစ်ရကြောင်း ပြောကြားသည်။
"ကျွန်တော်ဆို ၂ နှစ်ကျော်လောက် အချိန်ပေးခဲ့ရတာဗျာ။ စာမေးပွဲမှာ သုံးပုဒ်မှားခဲ့တယ်။ အရင်နှစ်တွေဆို ဒီအမှတ်လောက်ကတော့ အေးဆေးအောင်တယ်။ ခုနှစ်ကတော့ တစ်ပုဒ်ပဲ မှားခွင့်ရှိတဲ့ အမှတ်ကြီးနဲ့ ဖြတ်ချလိုက်တာ ခံရခက်လိုက်တာဗျာ။ တော်တော်လည်း ဝမ်းနည်းရပါတယ်။ ၉၅ မှတ် ရတဲ့သူတွေဆို ပိုဝမ်းနည်းမှာပေါ့။ သူတို့ဆို တစ်မှတ်ထဲနဲ့ ကျန်ခဲ့ရတာ။ နောက်တစ်ချိန်စာမေးပွဲကို ထပ်စောင့်ရတော့မှာပေါ့ဗျာ" ဟု ယင်းသာကေတမြို့နယ်တွင် နေထိုင်သူက ပြောကြားသည်။
အချို့သော စာမေးပွဲဖြေဆိုသူများမှာ သင်တန်းကြေး၊ အဆောင်ကြေး၊ စားစရိတ်ကြေးများဖြင့် နယ်မှလာ၌ ဖြေဆိုခဲ့ရသည့်အတွက် စရိတ်ခများစွာ ကုန်ကျခဲ့ရပြီး ယခုကဲ့သို့ အမှတ်ဖြတ်ကြမ်းရာတွင် ၁ မှတ်ဖြင့် ကပ်ကျသူများ များစွာရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ်တွင် နေထိုင်သည့် ဖြေဆိုသူတစ်ဦးက ပြောကြားသည်။
အဆိုပါ EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦးရေ ၄၈၀၀၀ တွင် အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အောင်မြင်သူများသည် Skill Test ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း၊ ဖြေဆိုရန် ကျန်ရှိနေသည့် ဒုတိယသုတ် စာမေးပွဲကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
