ပေါ်တူဂီကလပ် ပေါ်တိုအသင်း၏ ၀ါရင့်ဂိုးသမား ကာဆီးလက်စ်သည် နှလုံးရောဂါကြောင့် ကစားသမားဘဝမှအနားယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း စပိန်နှင့် ဗြိတိန်မီဒီယာများက ဖော်ပြခဲ့မှုများအား ၎င်းကိုယ်တိုင် ငြင်းဆန်ခဲ့သည်။
စပိန်လက်ရွေးစင်ဟောင်းဖြစ်သူ ကာဆီးလက်စ်သည် မေ ၁ ရက်က လေ့့ကျင့်မှု ပြုလုပ်နေစဉ် Acute Myocardial Infraction-AMI (နှလုံးသွေးကြောစီးဆင်းမှုရပ်တန့် ခြင်း၊ နှေးကွေးခြင်းကြောင့် နှလုံးအောင့်ခြင်း) ဝေဒနာခံစားခဲ့ရသဖြင့် ဆေးရုံတက်ရောက်၍ ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။
၎င်းက ဆေးရုံမှ ပြန်ဆင်းလာပြီးနောက် အနာဂတ်နှင့်ပတ် သက်၍ မဆုံးဖြတ်ရသေးကြောင်းနှင့် ရက်သတ္တပတ်အနည်းငယ်ကြာ (သို့မဟုတ်) လအနည်းငယ်ကြာ အနားယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ကာဆီးလက်စ်သည် ပြီးခဲ့သည့် မေလ(၁၇)ရက်က အသင်းလေ့ကျင့်ရေးသို့ ရောက်ရှိလာပြီး အသင်းဖော်များနှင့် ထွေရောလေးပါးစကားပြောနေသည့် ပုံများကို ပေါ်တိုအသင်း၏လူမှုကွန်ရက်များတွင် တင်ရှိခဲ့သည်။
ပေါ်တိုအသင်းကမူ ကာဆီးလက်စ်ကို ဘောလုံးဆက်ကစားစေရန် အလိုရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
ပေါ်တိုအသင်းဥက္ကဋ္ဌ နူနိုပင်တိုဒါကော်စတာက '' ကာဆီးလက်စ်က စာချုပ်သက်တမ်းတစ်နှစ်ကျန်ပါသေးတယ်။ သူ့ကို အသင်းရဲ့အစိတ်အပိုင်းအဖြစ် အလိုရှိပါတယ်။ တစ်နှစ်ထက်မကပါဘူး။ ကာဆီးလက်စ်ဟာ ကျွန်တော်တို့ထဲကတစ်ယောက်ပါ။ သူ့အတွက် ပေါ်တိုအသင်းမှာ နေရာတစ်နေရာ အမြဲရှိပါတယ်''ဟု ပေါ်တိုနေ့စဉ်ထုတ်အားကစားသတင်းစာ O Jogo သို့ ပြောကြားခဲ့သည်။
မေ ၂၀ ရက်တွင် အသက် ၃၈ နှစ်ပြည့် မည့် ကာဆီးလက်စ်သည် ရီးယဲလ်အသင်းတွင် ၁၆ ရာသီနှင့် ပေါ်တိုအသင်းတွင် လေးရာသီကစားထားသူဖြစ်ပြီး စပိန်အသင်းနှင့်လည်း အောင်မြင်မှုများစွာရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
