Top News

ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၁၅၀၀၀) ကျော် လာရောက် လည်ပတ်ခဲ့
24htopnews | October 23, 2024 1:12 PM CST

သီတင်းကျွတ်ပိတ်ရက်ကာလအတွင်းငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၁၅၀၀၀)ကျော် လာရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲမှ သိရသည်။

ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းခရီးသွား (၁၀၀၀၀) ကျော်၊ ပြည်ပခရီးသွား ၇၀၀ ကျော်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့သွား ရောက်လည်ပတ်နိုင်ကြောင်းလည်းသိရသည်။

ထို့ပြင် ပုသိမ်လေဆိပ်တွင် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းမှလည်း ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး- ခရီးစဉ်များကို ပြေးဆွဲ ပေးနေပြီး လေယာဉ်ဖြင့် လာရောက်မှုများရှိနေကြောင်းလည်း သိရသည်။

လေယာဉ်စီး ခရီးသည်များအတွက် ပုသိမ်မြို့တွင်းရှိ ထင်ရှားသောအထင်ကရနေရာများ၊ ဘုရား၊ စေတီများနှင့် ငွေဆောင်၊ ချောင်းသာစသည့် ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားလာလည်ပတ်နိုင်ရန် (မိုက်ခရို/မီနီဘတ်) စင်းလုံးငှားပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။


READ NEXT
Cancel OK