“အိုင်ဒါ(Ai-Da)”ဟု အမည်ပေးထားသော လူတူအမျိုးသမီးစက်ရုပ်တစ်ရုပ် ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို လန်ဒန်ရှိ နာမည်ကျော် Sotheby’s လေလံပွဲကြီးတွင် ကန်ဒေါ်လာ သိန်းဂဏန်းဖြင့် လေလံတင်ရောင်းချတော့မည်ဖြစ်သည်။
အိုင်ဒါ ရေးဆွဲထားသောပန်းချီကားမှာ AI နည်းပညာကို ကနဦးအစပျိုးခဲ့သူ သင်္ချာပညာရှင် အလန်တူးရင်း ၏ ပုံတူဖြစ်ပြီး “ခြောက်ခြားဖွယ်”ဟု အမည်ပေးထားသည်။ ပန်းချီကားမှာ ၂ ဒသမ ၂ မီတာ အမြင့်ရှိသည်။ ယင်းပန်းချီကားကို လေလံတင်ရောင်းချရာတွင် စတာလင်ပေါင် တစ်သိန်းမှ တစ်သိန်းခွဲအထိ(ကန်ဒေါ်လာ ၁၃၀၀၀ မှ ၁၉၆၀၀၀ အထိ) ရရှိနိုင်ကြောင်း လေလံပွဲစီစဉ်သူများက ခန့်မှန်းထားကြသည်။
စက်ရုပ် အိုင်ဒါသည် ကမ္ဘာ့အဆင့်အမြင့်ဆုံး စက်ရုပ်များထဲမှ တစ်ခုဖြစ်ပြီး အလွန်လက်တွေ့ကျသော အနုပညာကိုဖန်တီးနိုင်စေရန် AI နည်းပညာကို အသုံးပြုထားသည့်အပြင်၊ မျက်လုံး နှင့် လက်များကိုလည်း ဇီ၀အီလက်ထရွန်းနစ်(Bionic)နည်းပညာဖြင့် ပြုလုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
