မေ ၂၂ ရက်က ထွက်ပေါ်လာသည့် ရလဒ်များအရ ဖိလစ်ပိုင်သက်တမ်းလယ် ရွေးကောက်ပွဲများတွင် သမ္မတရိုဒရီဂိုဒူတာတေး၏ မဟာမိတ်များက အပြတ်အသတ် အနိုင်ရသွားခဲ့သည်။
ဒူတာတေး သစ္စာခံတို့သည် လွှတ်တော်နှစ်ရပ်လုံးအား ထိန်းချုပ်သွားနိုင်ပြီဖြစ်သဖြင့် အထက်လွှတ်တော်ရှိ အတိုက်အခံ အသံအားလုံးမှာ ဆိတ်သုဉ်းသွားခဲ့ပြီဖြစ်သည်။ လွှတ်တော်မှ အတိုက်အခံ ကိုယ်စားလှယ်များသည် ဒူတာတေး၏ အငြင်းပွားစရာ အကောင်းဆုံး အစီအစဉ်များအတွက် ကြားခံတစ်ခုအဖြစ် ရှိနေပေးခဲ့ခြင်းဖြစ်သည်။
လူထုထောက်ခံမှု မြင့်မားသည့် ဒူတာတေးသည် ယခုသက်တမ်းလယ်ရွေးကောက်ပွဲ၏ ရလဒ်ကြောင့် သေဒဏ်အား ပြန်လည်အသက်သွင်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်ပြင်ရေးဆွဲရန် အစီအစဉ်အား ရှေ့ဆက်နိုင်ရေးတို့အတွက် လမ်းပွင့်သွားပြီဖြစ်သည်။ “လူထုဟာ သူ့နောက်မှာ ရှိနေတယ်ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြမှုပါ” ဟု နိုင်ငံရေးလေ့လာသူ ရာမွန်ကတ်စီပယ်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ အာဏာပိုင်များက ထုတ်ပြန်သည့် ရလဒ်တွင် အမတ်နေရာ ၂၄ နေရာသာရှိသော အထက်လွှတ်တော်မှ လစ်လပ်သည့် အမတ်နေရာ ၁၂ နေရာအား ဒူတာတေးအား ထောက်ခံသူကိုးဦးနှင့် တစ်သီးပုဂ္ဂလသုံးဦးတို့က ရရှိသွားခဲ့သဖြင့် လက်ရှိတွင် အထက်လွှတ်တော်၌ အတိုက်အခံ လေးဦးသာ ကျန်ရှိတော့သည်။
ဒူတာတေး၏ မဟာမိတ်များက ထိန်းချုပ်ထားသော အောက်လွှတ်တော်သည် သေဒဏ် ပြန်လည်ကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်ရေးဆွဲရေး ဥပဒေကြမ်းတို့ကို အတည်ပြုပေးထားပြီး ဖြစ်သည်။
သက်တမ်းလယ်ရွေးကောက်ပွဲ၌ အနိုင်ရသွားသူများအနက် အမျိုးသားရဲချုပ်ဟောင်း ရော်နယ်ဒီလာရိုဆာ ပါဝင်သည်။ ၎င်းသည် လူပေါင်း ၅၃၀၀ ကျော်ကို သေစေခဲ့သော ဒူတာတေး၏ မူးယစ်ဆေးနှိမ်နင်းမှု စစ်ပွဲအား ရှေ့ဆုံးမှနေ၍ အကောင်အထည်ဖော်ပေးသူဖြစ်သည်။ မူးယစ်ဆေးစစ်ပွဲအတွင်း အမှန်တကယ် သေဆုံးခဲ့သူဦးရေမှာ ယင်းထက်သုံးဆထက်မနည်း ပိုမိုများပြားသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောနေကြသည်။
“ကျွန်တော် ပထမဆုံးလုပ်ဆောင်မှာကတော့ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုတွေအတွက် သေဒဏ်ကို ပြန်အသက်သွင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါကို အာရုံစိုက်လုပ်ဆောင် သွားမှာပါ” ဟု ဒီလာရိုဆာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒူတာတေး၏ ကာလရှည်ကြာ အကြံပေးဖြစ်ခဲ့သော ခရစ်တိုဖာဘောင်ဂိုနှင့် ၁၉၈၆ ခုနှစ် လူထုအုံကြွမှုအတွင်း ဖြုတ်ချခံခဲ့ရသည့် ကွယ်လွန်သွားပြီဖြစ်သောအာဏာရှင် ဖာဒီနန်မားကို့စ်၏ သမီးဖြစ်သူ အိုင်မီမားကို့စ်တို့သည်လည်း ယခုရွေးကောက်ပွဲအတွင်း အထက်လွှတ်တော်အမတ်များ ဖြစ်လာကြသည်။
ယခုကဲ့သို့ အထက်လွှတ်တော်တွင် အမတ်နေရာအများစု ရရှိသွားပြီဖြစ်သဖြင့် ဒူတာတေးသည် ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည့် ၎င်း၏သမ္မတသက်တမ်းထက် ကျော်လွန်ထမ်းဆောင်ရန် ဖွဲ့စည်းပုံဥပဒေ ပြန်ပြင်ရေးဆွဲမှုများ ဖြစ်လာမည်ကို အတိုက်အခံတို့က စိုးရိမ်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
