အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်တွင် မေ ၂၂ ရက်က သမ္မတရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော ကိုယ်စားလှယ်လောင်းအား ထောက်ခံသူများနှင့် အစိုးရလုံခြုံရေးအင်အားစုတို့ကြားတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။
ထိုဖြစ်စဉ်များအတွင် လူခြောက်ဦးထက် မနည်းသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုများကြောင်း အမေရိကန်နှင့် သြစတြေးလျသံရုံးများကပင် ခရီးသွားသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
အစိုးရကမူ ကျည်အစစ်သုံးခဲ့ခြင်းမရှိဟု ငြင်းဆိုနေပြီး လူအုပ်ကြီးကို ငြိမ်သက်ကြရန် ဆော်သြနေသည်။ ကောလာဟလများနှင့် သတင်းတုများမပျံနှံ့စေရေးအတွက် အာဏာပိုင်များက လူမှုမီဒီယာအချို့အား ကန့်သတ်ထားခဲ့သည်။
ဧပြီ ၁၇ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် သမ္မတဂျိုကိုဝီဒိုဒိုသည် မဲ ၅၅.၅ ရာခိုင်နှုန်းဖြင့် ဒုတိယသမ္မတသက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့်ရရှိသွားသည်ဟု အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်က မေ ၂၁ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါနေ့နှောင်းပိုင်းသို့ ရောက်ချိန်တွင် ဆန္ဒပြသူများသည် မြို့ထဲ၌ရှိသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးအေဂျင်စီ၏ ရုံးသို့ အတင်းအကျပ် သွားရောက်ရန်ကြိုးပမ်းရာမှ အစပြုပြီး လုံခြုံရေးများနှင့် ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများသည် ကားများကို မီးရှို့ခြင်း၊ မျက်ရည်ယိုဓာတ်ငွေ့နှင့် ရော်ဘာကျည်များအား အသုံးပြုနေသည့်ရဲများအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ညပိုင်းအချိန်တွင်မူ ယာဉ်များ၊ စစ်ရဲများ၏ အိပ်ဆောင်များမှာ မီးရှို့ခံရသည်။ ထိုစဉ် ရဲများသည် မီးလောင်စေသည့် အရာများဖြင့် ပစ်ခတ်နေခဲ့သည့် ဆန္ဒပြသူများကို မျက်ရည်ယို ဓာတ်ငွေ့များ၊ ရာဘာကျည်များ၊ ရေအမြောက်များဖြင့် တုံ့ပြန်နှိမ်နင်းခဲ့ကြသည်။
ယခုရွေးကောက်ပွဲတွင် ရှုံးသွားသည့် အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တိုသည် ရလဒ်ကို လက်မခံဘဲ ၎င်းကိုယ်ကိုယ် အနိုင်ရသူအဖြစ် ကြေညာထားသည်။ ရွေးကောက်ပွဲအတွင်း ကြီးကြီးမားမား လိမ်လည်မှုကြီးရှိသည်ဟု ဆိုသော်လည်း သက်သေများကို မပံ့ပိုးပေးသည့် ဆူဘီယန်တိုက ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးအထိတက်၍ တိုင်ကြားရန် စီစဉ်ထားသည်။
ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားနိုင်ခြေအတွက် ဂျကာတာတစ်ဝန်းတွင် ရဲနှင့် စစ်သား ၅၀၀၀၀ ကျော်ကို အစိုးရက တပ်ဖြန့်ထားသည်ဟု ဂျကာတာရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် အာဂိုယူဝိုနိုက ပြောကြားခဲ့သည်။
ထိုစဉ် မြို့တော်ဂျကာတာ၌နေထိုင်သူ အများအပြားသည် မြို့မှထွက်ခွာနေကြပြီဖြစ်ပြီး မြို့လယ်၏ နေရာအများအပြားကို ယာဉ်သွားလာခွင့်ပိတ်ပင်ထားကာ ရွေးကောက်ပွဲစောင့်ကြည့်ရေးအေဂျင်စီနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ ရုံးများ၌လည်း သံဆူးကြိုးများဖြင့် ကာရံခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အာဏာပိုင်များသည် ဆူဘီယန်တိုအား ထောက်ခံသူသုံးဦးကို နိုင်ငံတကာသစ္စာဖောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ထဲတွင် ရာထူးမှ အနားယူသွားသော ဗိုလ်ချုပ်ကြီးတစ်ဦး၊ အင်ဒိုနီးရှားအထူးတပ်ဖွဲ့မှ တပ်မှူးဟောင်းတစ်ဦးတို့ ပါဝင်ကြောင်း အမျိုးသားရဲချုပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
လမ်းပေါ်ထွက်ဆန္ဒပြပွဲများအတွက် လူထုအင်အားစုကြီးကို ဆော်သြစည်းရုံးမည်ဟု ဆူဘီယန်တိုနှင့် အဖွဲ့က ပြောကြားထားသည်။ သို့သော် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရေးအတွက်လည်း ထောက်ခံသူများကို ဆူဘီယန်တိုက တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
