အီဂျစ်တွင် မေ ၁၉ ရက်က လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် နာမည်ကျော် ဂီဇာပိရမစ်များအနီးရှိ ခရီးသွား ဘတ်စ်ကားတစ်စီး ဗုံးထိမှန်ခဲ့ပြီး ယာဉ်ပေါ်ပါ လူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံခြားခရီးသွားများ လိုက်ပါလာသော ဘတ်စ်ကားသည် ဂီဇာမြို့တွင်း၌ မောင်းနှင်နေစဉ် လမ်းဘေးတွင် ထောင်ထားသည့်ဗုံးမှာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အနီးရှိ မော်တော်ကား တစ်စီးထဲမှ အီဂျစ်နိုင်ငံသား လေးဦးလည်း ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အီဂျစ် ဆေးကုသရေးနှင့် လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူ မရှိကြောင်း သိရသည်။ ဗုံးထိမှန်ခဲ့သည့် ဘတ်စ်ကားပေါ်တွင် တောင်အာဖရိကနိုင်ငံသား ၂၈ ဦး လိုက်ပါလာခဲ့ပြီး ထိုထဲမှ သုံးဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ၎င်းတို့အား ဆေးရုံတွင် ဆေးကုသမှု ပေးနေကြောင်း တောင်အာဖရိက၏ နိုင်ငံတကာ ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ထားသည်။
လုံခြုံရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ မှန်ကွဲမှန်စများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် တောင်အာဖရိက ခရီးသွား ခုနစ်ဦးနှင့် အီဂျစ်အရပ်သား ၁၀ ဦး ဒဏ်ရာ ရခဲ့ကြောင်း Nile News TV က ထုတ်လွှင့်ခဲ့သည်။
အေအက်ဖ်ပီက ရိုက်ကူးထားသော ဗီဒီယိုတစ်ခု၌ လမ်းဘေးတွင် ရှိနေသော ဘတ်စ်ကားနှင့် မော်တော်ကား တစ်စီး၏ မှန်ပြတင်းများ ကွဲအက်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ကိုင်ရိုင်မြို့ အပြင်ဘက်ရှိ ဂီဇာပိရမစ်များ အနီးတွင် ခရီးသွား ဘတ်စ်ကားတစ်စီး လည်ပတ် မောင်းနှင်နေစဉ် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် အီဂျစ် ဧည့်လမ်းညွှန်တစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသား သုံးဦး သေဆုံးခဲ့သည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်သည် အီဂျစ်က လာမည့်လတွင် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပရန် အဆင်သင့်ဖြစ်နေသည့် အလွန်အမင်း အရေးကြီးသည့်အချိန်နှင့် တိုက်ဆိုင်လျက် ဖြစ်ပွားခဲ့သည်။
ထို့အပြင် ရုန်းကန်နေရသော အီဂျစ် စီးပွားရေးအတွက် အသက်သွေးကြော ဖြစ်သော ခရီးသွားလုပ်ငန်းသည် မကြာသေးမီကမှ နာလန်ပြန်ထူလာနေသည်။ ၂၀၁၅ ခုနှစ်တွင် လူ ၂၂၄ ဦး လိုက်ပါလာသော ရုရှားလေယာဉ် တစ်စင်းသည် ပင်လယ်နီ အပန်းဖြေစခန်းပေါ်၌ ပစ်ချခံရပြီးနောက် အီဂျစ် ခရီးသွားလုပ်ငန်းကို အလွန်အမင်း ထိခိုက်စေခဲ့သည်။
အစ္စလာမ္မစ်သမ္မတ မိုဟာမက်မော်စီအား စစ်တပ်က ဖြုတ်ချခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်း အီဂျစ်နိုင်ငံသည် သူပုန်အဖွဲ့နှင့် ရင်ဆိုင် တိုက်ခိုက်နေရပြီး အထူးသဖြင့် ဆူပူအုံကြွနေသော မြောက်ပိုင်း ဆိုင်းနိုင်းဒေသတွင် သူပုန်တို့က တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
