ရာသီဥတု ဆိုးရွားမှုကြောင့် ပြင်သစ် လေတပ်မှ တိုက်လေယာဉ် ခုနစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်း ပြည်နယ်အတွင်း အရေးပေါ် ဆင်းသက်မှု ပြုလုပ်ခဲ့ရကြောင်း လေတပ် တာဝန်ရှိသူ တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
Dassault Rafale တိုက်လေယာဉ် ခုနှစ်စင်းသည် မေ ၁၈ ရက် လေ့ကျင့် ပျံသန်းမှုအတွင်း ပါဝင်ခဲ့ပြီးနောက် ဆူမတ်တြားကျွန်း အစွန်အဖျားတွင် တည်ရှိသည့် အာချေးပြည်နယ်၌ ဘေးကင်းစွာ ဆင်းသက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်လေယာဉ်များသည် ဆူမတ်တြား အထူးစီးပွားရေးဇုန်၏ အနောက်ဘက် ရေမိုင် ၁၀၀ ရှိ အိန္ဒိယ သမုဒ္ဒရာအတွင်း ခုတ်မောင်းနေသော Charles de Gaulle လေယာဉ်တင် သင်္ဘောမှ ပျံသန်း ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း အာချေးလေတပ်အခြေစိုက် စခန်းမှူး ဟင်ဒရိုအာရိဖ်က ဆိုသည်။
ရာသီဥတု ဆိုးရွားမှုကြောင့် တိုက်လေယာဉ်များကို အနီးဆုံး တည်နေရာရှိ Sultan Iskandar Muda လေတပ် အခြေစိုက်စခန်းသို့ လမ်းကြောင်း ပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ သက်ဆိုင်ရာ အဖွဲ့များနှင့်အတူ တိုက်လေယာဉ်များအား လုံခြုံရေးနှင့် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဝန်ထမ်းများ အားလုံးသည် အသင်းအဖွဲ့သားများဖြစ်ပြီး တစ်ဦး တစ်ယောက်မျှ လက်နက် ကိုင်ဆောင်ထားခြင်း မရှိကြောင်း ဟင်ဒရိုက ပြောကြားခဲ့သည်။ ဂျက်တိုက်လေယာဉ် ငါးစင်းသည် မေ ၁၉ ရက်တွင် ၎င်းတို့၏ လေယာဉ်တင် သင်္ဘောထံသို့ ရောက်ရှိနေပြီဖြစ်ကာ ကျန်လေယာဉ် နှစ်စင်းမှာ အင်ဒိုနီးရှား လေတပ်အခြေစိုက်စခန်း၌ပင် ရှိနေသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
