အမေရိကန် အစိုးရက အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှု တစ်ရပ်ဟုသတ်မှတ်သော တရုတ်နိုင်ငံ၏ Huawei ကုမ္ပဏီကို အဆက်အသွယ်စတင် ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အင်တာနက် ကုမ္ပဏီကြီးဖြစ်သော Google က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
Google သည် ကမ္ဘာ့စမတ်ဖုန်း အများစုအပေါ် သြဇာသက်ရောက်သော Android စနစ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
တရုတ်အစိုးရနှင့် ကုန်သွယ်ရေးစစ်ပွဲတစ်ရပ် ဆင်နွှဲနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟုဆိုသော ပြည်ပကုမ္ပဏီများနှင့် တယ်လီဖုန်းဆက်သွယ်ရေး ကုန်သွယ်မှု ဆောင်ရွက်ခြင်းမပြုရန် အမေရိကန်ကုမ္ပဏီများကို ပိတ်ပင်ထားသည်။
သက်ဆိုင်ရာ အာဏာပိုင်များက မီးစိမ်းပြန်ပြမှသာ အမေရိကန် ကုမ္ပဏီများအနေဖြင့် ဆက်သွယ်လုပ်ကိုင်နိုင်မည့် ကုမ္ပဏီများအကြား၌ ပါဝင်သည့် တရုတ် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သောHuawei ကို ယခုလုပ်ဆောင်ချက်က ပစ်မှတ်ထားခြင်း ဖြစ်သည်။
ယခုပိတ်ပင်မှု၌ နည်းပညာဆိုင်ရာ မျှဝေခြင်းလည်း ပါဝင်သည်။
“ကျွန်တော်တို့ အနေနဲ့ အမိန့်ကို လိုက်နာပြီး ဂယက်ရိုက်ခတ်နိုင်မှုတွေကို ပြန်လည်သုံးသပ်နေပါတယ်” ဟု Google ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အခြားနည်းပညာကုမ္ပဏီများ အားလုံးကဲ့သို့ Google သည်လည်း ၄င်းတို့၏ စနစ်များအနေဖြင့် သူတို့၏ကိရိယာများနှင့် ကိုက်ညီရေး သေချာစေရန် စမတ်ဖုန်းပြုလုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်ရသောကြောင့်ယခုဆုံးဖြတ်ချက်၌ သိသာထင်ရှားသော ဂယက်ရိုက်မှုများ ရှိနိုင်သည်ဟု ဆိုသည်။
Google သည် Huawei နှင့် လုပ်ငန်းလုပ်ဆောင်ချက်များကို ရပ်ဆိုင်းရမည်ဖြစ်ရာ ယင်း၌ Hardware ၊ Software နှင့် အများပြည်သူမရနိုင်သည့် နည်းပညာဝန်ဆောင်မှုများ လွှဲပြောင်းခြင်းပါဝင်သည်။
ယင်းအဓိပ္ပာယ်မှာ Huawei အနေဖြင့် Android ၏ Open Source Version ကိုသာ အသုံးပြုနိုင်လိမ့်မည်ဟု ယင်းကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
Huawei အနေဖြင့် Gmail အီးမေးလ်ဝန်ဆောင်မှု ကဲ့သို့သော Google ၏ Proprietary rights လိုအပ်သည့် Apps များနှင့် ဝန်ဆောင်မှုများကို ဆက်လက်၍ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
ယင်းကိစ္စနှင့်ပတ်သက်၍ AFP သတင်းဌာနက Huawei ကုမ္ပဏီကို မှတ်ချက်တောင်းခံရာ၌ ယခုထိ ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။
Huawei သည် 5G နည်းပညာကို အလျင်အမြန် ချဲ့ထွင်နေသည့် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော်လည်း ပြည်ပမှ ထောက်ပံ့ရေးကုမ္ပဏီများအပေါ် အမှီပြုနေရဆဲ ဖြစ်သည်။
Huawei သည် ၄င်း၌ ထည့်သွင်းမည့် ဝန်ဆောင်မှုများကို နှစ်စဉ်ဝယ်ယူနေရရာ အမေရိကန် ဒေါ်လာ ၆၇ ဘီလျံခန့် တန်ဖိုးရှိပြီး ယင်းအနက် ဒေါ်လာ ၁၁ ဘီလျံခန့်သည် အမေရိကန်ထောက်ပံ့သူများထံမှ ဝယ်ယူခြင်းဖြစ်ကြောင်း The Nikkei စီးပွားရေးနေ့စဉ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
နောက်မျိုးဆက်ဖြစ်သည့် 5G မိုဘိုင်းကွန်ယက် တည်ဆောက်ခြင်း၌ တရုတ်အား အဓိကအခန်းကဏ္ဍမှ ပါဝင်ခွင့်မရအောင် မဟာမိတ်များကို သိမ်းသွင်းရန် ကြိုးပမ်းနေသည့် အမေရိကန်အစိုးရသည် Huawei ကုမ္ပဏီကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
အမေရိကန်အစိုးရ အေဂျင်စီများကို Huawei မှ ကိရိယာပစ္စည်းများ ဝယ်ယူခြင်းမပြုရန် ပိတ်ပင်ထားပြီးလည်း ဖြစ်သည်။
Huawei ကုမ္ပဏီ ထူထောင်သူနှင့် CEO ဖြစ်သူ ရန်ကျန်ဖေးက “ဥပဒေကို ချိုးဖောက်တဲ့ ဘယ်လိုဟာမျိုးကိုမှ ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး” ဟု မေ ၁၈ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်၏ ယခုကဲ့သို့ ပြုလုပ်မှုသည်လည်း အကန့်အသတ်ရှိသည့် ဂယက်ရိုက်မှုတစ်ရပ်သာ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
